Tik Tok မှာ နော်ဖောအယ်ထား တစ်ယောက်ထဲကို follow လုပ်ထားတဲ့အကြောင်း ရင်ဖွင့်လာတဲ့ စိုင်းစိုင်းခမ်းလှိုင်

စိုင်းစိုင်းကတော့ အဆိုပိုင်းတွင် ထူးချွန်ရုံသာမက သရုပ်ဆောင်ပိုင်းတွင်လည်း ဗီဒီယို ဇာတ်ကားများစွာနဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကို ရိုက်ကူးလာတာ ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ တစ်ခဲနက် အားပေးမှုကို ရရှိပိုင်ဆိုင်ထားတဲ့ အနုပညာရှင် တစ်လက်ပဲ ဖြစ်ပါတယ်။ လတ်တလောမှာ

ဆိုရင်လည်း သီချင်းအသစ်ကို ထွက်ရှိထားတာ ဖြစ်ပြီး ပရိတ်သတ်တွေ ကြိုက်နှစ်သက်ကြတာလည်းတွေ့ရပါတယ်။ နှုတ်ခမ်းနီမလေးတွေရဲ့ အားပေး ချစ်ခင်တာကို သည်သည်းလှုပ် ခံနေရတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင် ကတော့ အနုပညာအလုပ်တွေကို ဆယ်စုနှစ်ကြာ

လုပ်ကိုင်ခဲ့တာ ဖြစ်ပြီး လက်ရှိအချိန်ထိ သူရဲ့ အနုပညာ လှုပ်ရှားမှုတွေကို စောင့်ကြည့် အားပေးနေကြတာလည်း ဖြစ်ပါတယ်။ စိုင်းစိုင်းရဲ့ သီချင်းတွေကိုတော့ လူကြီး လူငယ်မရွေး ကြိုက်နှစ်သက်ကြတာ ဖြစ်ပြီး သီချင်းကောင်းလေးတွေကို သီဆိုလေ့ရှိတဲ့အပြင်

သူကိုယ်တိုင်လည်း ရေးသားတာလည်း တွေ့ရပါတယ်နော်။ အားလုံးသိကြတဲ့ စိုင်းစိုင်းခမ်းလှိုင်ဟာ Tik Tok မှာ ရေပန်းသိပ်မစားသူ ဖြစ်ပါတယ်။ ဒါပေမဲ့ အလုပ်အရ Tik Tok သုံးဖို့ ဖြစ်လာတဲ့အခါ နော်ဖောအယ်ထားဆီက ပြန်သင်နေရတယ် လို့ ဆိုပါတယ်။ ဒါ့အပြင် သူဟာ

Tik Tok စပေါ်စဉ်က လုံးဝ မသုံးတတ်လို့ ဘယ်သူ့ကို follow လုပ်လို့ လုပ်ရမှန်းမသိ ဖြစ်ခဲ့ကြောင်း ဆိုလာပါတယ်။ အဲတုန်းကလည်း သူဖော်လို လုပ်ထားတဲ့သူဟာ နော်ဖောအယ်ထား တစ်ယောက်ပဲ ရှိခဲ့တယ်လို့လည်း ဆိုပါတယ်။ သူဟာ လက်ရှိ လူငယ်တွေကို နည်းပညာခေတ်ကြီးမှာ

ပေါက်ဖွားလာတဲ့အပေါ် အားကျမိကြောင်း၊ သွက်လက်တက်ကြွနေတဲ့ လူငယ်တွေကို မြင်တဲ့အပေါ် ပိုသဘောကျမိကြောင်း ဆိုလာပါသေးတယ်။ သူဟာ လက်ရှိမှာ လူမြင်ကွင်းက ပျောက်နေပြီး ထိုင်းနိုင်ငံမှာ နေထိုင်နေတယ် လို့ သိရပါတယ်နော်။

Be the first to comment

Leave a comment

Your email address will not be published.


*