Master Chef ပြိုင်ပွဲကို စိတ်နာလွန်းလို့ စိတ်ဝေဒနာသည် တစ်ယောက်လို ဖြစ်ခဲ့ရတဲ့ Master Chef ပြိုင်ပွဲဝင် တစ်ဦး

ပရိတ်သတ်ကြီးရေ စားဖိုမှူးကောင်းတွေကို မွေး ထုတ်ပေးတဲ့ Master Chef ပြိုင်ပွဲကြီးကတော့ MRTV-4 ရဲ့ နာမည်ကြီး ဖျော်ဖြေရေး အစီအစဉ် တစ်ခုပဲ ဖြစ်ပါတယ်။ နာမည်ကျော် စားဖိုမှူးကြီး (၃) ယောက်က အကဲဖြတ်

ဒိုင်လူကြီး အဖြစ် ပါဝင်တဲ့ အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ထိုအစီအစဉ်ကတော့ ဒိုင်တွေရဲ့ အကဲဖြတ်ပုံဟာ ကြမ်းတမ်းတဲ့ အပြင် ပြိုင်ပွဲဝင်တွေအပေါ် ခက်ထန်တဲ့ စကားလုံးတွေ သုံးတာကြောင့် ပရိတ်သတ်တွေကြား

ဝေဖန်မှု အခံရဆုံး TV အစီအစဉ်တစ်ခုပဲ ဖြစ်ပါတယ်။ ယခုအခါမှာတော့ Master chef ပြိုင်ပွဲကို ဝင်ပြိုင်ခဲ့ပြီးနောက် စိတ်ဝေဒနာသည် တစ်ယောက်လို ဖြစ်ခဲ့ကြောင်းကို Master chef Myanmar ( season – 1 ) ပြိုင်ပွဲမှ

ကိုအောင်ဝေဖြိုးက အခုလိုပဲ ပြောလာပါတယ်။ “Master Chef ကို စိတ်နာခဲ့တာက တကယ့် Reality စိတ်နာခဲ့တာ… သေလုမြောပါးစိတ်နာခဲ့တာကပြင်းထန်ခဲ့တယ်… ကျွန်တော့်လို ခံစားချက်မျိုးကိုကိုယ်တွေ့ကြုံမှပဲ

ဒီ ခံစားချက်မျိုး နားလည်နိုင်မယ်လို့ ထင်တယ်… ကျွန်တော် တစ်နှစ်ကျော်ကျော်လောက် မအိပ်ပဲ ကြိုးစားခဲ့ရတယ်… စိတ်ဝေဒနာသည် တစ်ယောက်လို ဖြစ်သွားတဲ့ အကြောင်းအရာကို ဖြစ်ခဲ့တဲ့အထိ စိတ်နာခဲ့တယ်…

ဒါပေမယ့် ကျွန်တော့် ပြိုလဲကျခဲ့ပေမယ့် နောက်ဆုံး ဆုံးဖြတ်ချက်ချပြီး ပြန်ကြိုးစားခဲ့တယ်..”ဆိုပြီး ပြောလာပါတယ်နော်။