ထူးခြားတဲ့ နှုတ်ခမ်းမွှေးကြောင့် ပရိတ်သတ်တွေက စတင် သတိထားမိလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည် ကိုတော့ အားလုံးပဲမှတ်မိကြအုန်းမယ် ထင်ပါတယ်နော်။
ကိုယ်တိုင်ကလည်း နှုတ်ခမ်းမွှေးထားရတာ ဝါသနာပါတာကြောင့် ထားဖြစ်ခဲ့တဲ့ ကိုမျိုးကြည် ကတော့ လူကြမ်းသရုပ်ဆောင် တစ်ယောက်အဖြစ် ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကား
တော်တော်များများမှာ ပါဝင် သရုပ်ဆောင်ခဲ့ဖူးသူ တစ်ဦးလည်း ဖြစ်ပါတယ်။ လူကြမ်းသရုပ်ဆောင် ကိုမျိုးကြည်ဟာ အရင်က နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ လုပ်အားပေး
ပါဝင် ဆောင်ရွက်ခဲ့ဖူးပြီးတော့ ပရဟိတ လုပ်ရတာကို သဘောကျတဲ့ နှလုံးသားလှတဲ့ လူကြမ်းသရုပ်ဆောင်ကြီး တစ်ဦးပဲ ဖြစ်ပါတယ်။ ကိုမျိုးကြည်ဟာ မိခင်ကို အရမ်းချစ်တဲ့
သားတစ်ဦး ဖြစ်တာကြောင့် လက်ရှိအချိန်ထိ တစ်ကိုယ်တည်း လူပျိုကြီးဘဝနဲ့ မိခင်ကိုလုပ်ကျွေးနေတဲ့ သားလိမ္မာတစ်ဦးလဲ ဖြစ်ပါတယ်။ ကိုမျိုးကြည်ဟာ KFC Myanmar ရဲ့
ကြော်ငြာကို ရိုက်ကူးနေတဲ့ ဓာတ်ပုံလေးတွေကို ပရိတ်သတ်တွေ အားလုံးက အရမ်းကို ကြိုက်နှစ်သက်ခဲ့ကြ ရပါတယ်နော်။