Melody World သီချင်းဆိုပြိုင်ပွဲကနေ အောင်မြင်တဲ့ အဆိုတော်တစ်ယောက် ဖြစ်လာခဲ့တဲ့ အိုင်းရင်းဇင်မာမြင့်ကတော့ နာမည်ကြီးပြီး လူကြိုက်များတဲ့ အဆိုတော်တစ်ယောက်ပါပဲ။
အိုင်းရင်းဇင်မာမြင့်ဟာ သူမရဲ့ ကိုယ်ပိုင်အယ်လ်ဘမ်တွေ များစွာကိုလည်း ထုတ်လုပ်ခဲ့ပြီး ပရိတ်သတ်တွေကလည်း အိုင်းရင်းဇင်မာမြင့်ရဲ့ သီချင်းတိုင်းကို ကြိုက်နှစ်သက်စွာနဲ့
အားပေးကြတာပဲ ဖြစ်ပါတယ်။ အခုဆို အနုပညာအလုပ်အပြင် စီးပွားရေးအလုပ်ဘက်ကိုပါ အခြေချလာခဲ့ပြီ ဖြစ်တဲ့ အိုင်းရင်းဇင်မာမြင့်ဟာ သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့
ရေမွှေးရောင်းချနေလျက် ရှိပြီပဲ ဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်က Irene’s ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ရနံ့ငါးမျိုး ရှိတဲ့ အမျိုးသားသုံး၊ အမျိုးသမီးသုံး ရေမွှေးတွေကို
ရောင်းချပေးနေလျက် ရှိတာပဲ ဖြစ်ပါတယ်။ အိုင်းရင်းဇင်မာမြင့်ကတော့ သူမအတွက် အဓိပ္ပာယ်တွေ အများကြီးရှိတဲ့ ရေမွှေးလေးတွေကို ရောင်းချနေလျက်ရှိပြီပဲ ဖြစ်ပါတယ်။
အိုင်းရင်းရဲ့ ပရိတ်သတ်တွေကလည်း ရေမွှေးပုလင်းလေးတွေကို အားပေးပြီး ဝန်းရံပေးကြမယ်ဆိုတာ အသေအချာပါပဲနော်။