“Happy Birthday…” ခါရာ ♥♥♥

ယနေ့ (၂၁. ၁၀. ၂၀၂၂) မှာ ကျရောက်တဲ့ မွေးနေ့ရှင်ကတော့ မော်ဒယ်သရုပ်ဆောင် ခါရာ (ခေါ်) မျိုးထွဋ်နိုင် ပဲ ဖြစ်ပါတယ်။ ခါရာကို (၂၁. ၁၀. ၁၉၉၃) နေ့မှာ မွေးဖွားခဲ့တာ ဖြစ်ပါတယ်။ အရပ်ကတော့ (185.4 cm) ရှိပါတယ်။

ကိုယ်အလေးချိန်ကတော့ (75 kg) ဖြစ်ပါတယ်။ ရှမ်းတရုတ်ကပြား ဖြစ်ပြီး ဘီသွေး အမျိုးအစား ဖြစ်ပါတယ်။ မွေးချင်း (၃) ယောက်ရှိပြီး သူကတော့ သားအကြီးဆုံး ဖြစ်ပါတယ်။ မွေးရပ်ဇာတိကတော့ မိုးကုတ်ဖြစ်ပြီး

အနုပညာလှုပ်ရှားမှုများတဲ့ ရန်ကုန်ကို ပြောင်းလာကာ အရှေ့ဒဂုံမှာ နေပါတယ်။ အနုပညာလောကထဲကို ပထမဦးဆုံးအနေနဲ့ The First Myanmar Guys (2013) ပြိုင်ပွဲမှာ စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး (2014) ခုနှစ်မှာတော့

Mr Asia (2014) ပြိုင်ပွဲမှာ မြန်မာနိုင်ငံ ကိုယ်စားပြုအဖြစ် ဝင်ရောက် ယှဉ်ပြိုင်ကာ ဆုတံဆိပ်များစွာ ရရှိခဲ့ပြီး နိုင်ငံ့ဂုဏ်ဆောင်ခဲ့တဲ့ Miss တစ်ယောက် ဖြစ်ပါတယ်။ ယနေ့ကျရောက်တဲ့ (၂၉) ပြည့် မွေးနေ့မှာ ချစ်ရတဲ့

မြန်မာပြည်သူ ပြည်သားများကို မွေးနေ့ဆုမွန်ကောင်း တောင်းပေးလာပါတယ်နော်။ “I pray everyday only for one thing for our people. My BD wish is that everything would turn out the best way we all wanted.

This is not my happiness Birthday whatsoever this is the beginning of something! I believe myself 100% and I am living well. I miss my families – Kharreans, all my friends and my colleagues.”

“ကျွန်တော်တို့ ပြည်သူတွေအတွက် တစ်ခုတည်းသော အရာအတွက် နေ့တိုင်း ဆုတောင်းပါတယ်။ ကျွန်တော့်ရဲ့ BD ဆန္ဒကတော့ အရာအားလုံးဟာ ကျွန်တော်တို့အားလုံး လိုချင်တဲ့ အကောင်းဆုံးပုံစံအတိုင်း ဖြစ်လာဖို့ပါပဲ။

ဒါက တစ်ခုခုရဲ့အစပဲ၊ ကိုယ့်ကိုကိုယ် 100% ယုံကြည်ပြီး ကောင်းကောင်းနေရတယ်။ ကြှနျုပျ၏မိသားစုမြား – Khareans၊ ကြှနျုပျ၏ သူငယ်ချင်းများနှင့် လုပ်ဖော်ကိုင်ဖက်အားလုံးကို လွမ်းဆွတ်ပါသည်။” ဆိုပြီး ဆုတောင်းပေး လာခဲ့ပါတယ်နော်။