(၈) နှစ်ကျော်ကြာ လက်တွဲ ပေါင်းသင်းခဲ့တဲ့ သရုပ်ဆောင် ထူးခြားနဲ့ ကွာရှင်းပြတ်ဆဲလိုက်ပြီ ဆိုပြီး ပြောလာခဲ့တဲ့ ဇနီးဖြစ်သူ ခိုင်ဦး

Enough! လုံလောက်တယ် ဆိုတာထက် ပိုသွားတဲ့အချိန်မှာ ကိုယ့်ဆုံးဖြတ်ချက်က အဓိကပါပဲ.. ဖြတ်သန်းခဲ့တဲ့ (၈) နှစ်လုံးလုံး ကိုယ့်ဘက်က အကောင်းဆုံး ပေးဆပ်ခဲ့နိုင်တဲ့အတွက်

နောင်မှတမဲ့ နောင်တဆိုတာလဲ မရှိပါဘူး.. ဘယ်လို အမျိုးသမီးနဲ့ ဘယ်လိုပုံစံမျိုးပဲ ပတ်သက်ပတ်သက် လက်မခံနိုင်ဘူး ဆိုတာ ယတိပြတ် ပြောထားပြီးသားကိုမှ

မလိုက်နာပေးနိုင်တဲ့ ဒီအမျိုးသားကို ကိုယ့်ဘဝထဲက အပြီးအပိုင် ထုတ်ပစ်ခဲ့တဲ့အတွက်လဲ ဘယ်တော့မှ နောင်တရမှာ မဟုတ်ပါဘူး… လူ့ဘဝမှာ ဒါမျိုးတွေ ကြုံရတာ မဆန်းတာမို့

စိတ်ကိုလဲ အတတ်နိုင်ဆုံး ပြင်ဆင်ပြီး လုပ်စရာရှိတာ လုပ်ခဲ့တယ်..ဘယ်သူ့ကိုမှလဲ မယားငယ်ဇာတ် မသွင်းချင်ခဲ့တဲ့အတွက် လိုချင်တဲ့သူ ယူသွားနိုင်ဖို့ … ကိုယ်တိုင်လဲ ဒီအိမ်ထောင်ရေးကို

ရှေ့မဆက်ချင်တော့တဲ့ အတွက် ဒီလမ်းကို ရွေးချယ်ခဲ့တာ မမှားဘူးလို့ပဲ ခံယူပြီး ရှေ့ဆက်ရှင်သန်ပါမယ်… လူသိရှင်ကြား တရားဝင်ယူထားခဲ့ခြင်း ဖြစ်လို့ လူသိရှင်ကြားပဲ ဒီကိစ္စကို

အသိပေးခြင်း သက်သက် ဖြစ်ပါတယ်.. ကိုသွင်ထူးအောင် (ခ) ထူးခြား နှင့် (15) Dec (2022) တွင် ကွာရှင်းပြတ်စဲပြီးသည့် အတွက် သူနှင့် ပတ်သတ်သည့် မည်သည့်ကိစ္စ အဝဝမှ

ကျွန်မနဲ့ မသက်ဆိုင်တော့တဲ့ အပြင် တာဝန်ယူဖြေရှင်းပေးမည်လည်း မဟုတ်ပါ။