(၄) လမပြည့်ခင် မှောက်တတ်သွားပြီ ဖြစ်တဲ့ သမီးလေးရဲ့ ဗီဒီယိုကို အမှတ်တရအနေနဲ့ တင်လာခဲ့တဲ့ မေမေ အိမ့်ချစ်

ပရိတ်သတ်ကြီးရေ အမရာလေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ အဆိုတော် အိမ့်ချစ်ရဲ့ သမီးလေးပဲ ဖြစ်ပါတယ်။ ချစ်မွေးပါတာကြောင့် မွေးကတည်းက ပရိတ်သတ်တွေရဲ့

ချစ်ခင်မှုကို ရရှိခဲ့တဲ့ ကလေးတစ်ယောက် ဖြစ်ပြီး လက်ရှိမှာတော့ (၄) လပြည့်ခါနီး အရွယ်ကိုရောက်နေပြီပဲ ဖြစ်ပါတယ်။ အမရာလေးကတော့ လေးလ မပြည့်ခင်မှာတင် မှောက်တတ်သွားပြီ

ဖြစ်ကြောင်း မေမေအိမ့်ချစ်က သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မနေ့က မျှဝေဖော်ပြလာခဲ့ပါတယ်။ သမီးလေးရဲ့ ဖွံ ဖြိုးလာမှုကို မေမေအိမ်ချစ်ကတော့ “Amara’s Milestone

လေးလ မပြည့်ခင်မှာပဲ မီးမီး မှောက်တတ်သွားပါပြီ ရှင့်…” ဆိုပြီး ဝမ်းသာပီတိဖြစ်စွာနဲ့ မျှဝေခဲ့တာပဲ ဖြစ်ပါတယ်။ သမီးလေးမှောက်ဖို့ ကြိုးစားနေတာလေးကိုလည်း မေမေ အိမ့်ချစ်က ဗီဒီယိုလေး

ရိုက်ကူးကာမှတ်တမ်းတင်ထားခဲ့ပြီး သမီးလေးကို ချစ်ကြတဲ့ ပရိတ်သတ်တွေအတွက် မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ ပရိတ်သတ်ကြီးရေ အမရာလေးရဲ့ ဒီ Milestone ဗီဒီယိုလေးကို မျှဝေ ဖော်ပြပေးလိုက်ပါတယ်နော်။