(၃) တန်း ကလေးဘဝက အသက်ကယ်ခဲ့ဖူးတဲ့ အသက်သခင် ကျေးဇူးရှင်ကို မမေ့မလျော့ သွားရောက် ကန်တော့ရင်း ကျေးဇူးဆပ်ခဲ့တဲ့ အဆိုတော် မနော

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့အဆိုတော် မနောက ငယ်စဥ်ကလေးဘဝက အသက်ကယ်ခဲ့ဖူးတဲ့ အသက်သခင်ကျေးဇူးရှင်ကို သွားရောက် ကျေးဇူးဆပ်ခဲ့တဲ့ အကြောင်းကိုအခုလို ပြန်လည် ပြောပြလာခဲ့ပါတယ်နော်။ အဆိုတော် မနောက “ကျနော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်းကျောင်းသားဘဝ အသက်ဆယ်နှစ်ခန့်ပေါ့ဗျာ…

စာမေးပွဲဖြေသည့်ရက်မှာ တအားဖျားတယ်… အိမ်ကနေ ခြေလျင်လာဖြေရတာပေါ့… ကျနော့် အိမ်က ဘယ်သူမှကျောင်းလိုက်မပို့နိုင်ဘူး… စား ဝတ် နေရေးအတွက် တစ်နေ့လုပ် တစ်နေ့စား ဘဝတွေ အတွက်ကတော့ ဖျားတာ နာတာဟာ သာမန်လိုဖြစ်နေတာပေါ့… စာဖြေပြီးအပြန် လမ်းကို မလျှောက်နိုင်တော့ဘူး… အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ ခုံလေးပေါ်မှာ နားရင်း

အဖျားတက်ပြီး အိပ်ပျော်သွားတာလားကို မသိလိုက်ပါဘူး… ပြန်နိုးလို့ ကြည့်လိုက်မှ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာ ဆနွင်းမှိုင်း ခံပေးထားပြီး စောင်ခြုံကြီးနဲ့ ဖြစ်နေတော့မှ ငါ ဘယ်ရောက်နေတာပါလိမ့် ဆိုပြီး ကြောင်တောင်တောင်ဖြစ်နေတာပေါ့… အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူ တအားအဖျားတက်နေ လို့တဲ့… သနားလို့ စေတနာဖြင့် ကုပေးထားတာ သိရတယ်…

အထူး ကျေးဇူးတင်ပါတယ် ခင်ဗျာ… ဖြူစင်သောစေတနာ မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာ ထိပ်မှာမိုး လို့ ရှိခိုးကန်တော့ခဲ့ပါတယ်… ကျနော့်တို့ ဒီဘဝမှာတင်ပဲ မိမိက ဆပ်စရာရှိသော ကျေးဇူးတရားများကို သိသမျှ မြင်သမျှ ပြန်ဆက်သင့်ပါတယ်… နောင်ဘဝဆိုတာကြီးလည်း ပြန်မရလိုတော့လျှင်အရာအားလုံး စွန့်လွှတ်နိုင်ရမယ်… စွဲစရာ မှန်သမျှ အစွဲကင်းလေ

နိဗ္ဗာန်နီးလေ ပဲမို့.. ကျနော်တို့တွေ လူ့ဘဝရတုန်း အခွင့်အရေးရရှိတာ ဖြစ်တယ်.. ကြိုးစားပြီး ဝိပဿနာ တရားအားထုတ်မယ်ဆိုလျှင် ရကိုရနိုင်ပါတယ်… ဆယ်တန်းကျောင်းသား တစ်ယောက်ကို သူငယ်တန်းစာတွေက စပြီး ပြန်သင်ရမယ်ဆိုလျှင် ဘယ်လို ခံစားရမလဲ… ကျနော်တို့တွေ နောင်ဘဝ သူများဝမ်းဗိုက်ထဲမှာ ပဋိသန္ဓေ ပြန်တည် ပြန်မွေး ကလေးဘဝကနေ ပြန်စ..

စာတွေသင် မြင်သမျှတွေ့သမျှ အကုန် မှတ်ယူနေမည့်ဘဝကနေ အခုလို ဝိပဿနာ တရားအားထုတ်ဖို့ ပြန်ပြီး လေ့လာရဦးမယ်… ဒါတောင် ဘာမှ မသေချာဘူးဗျို့… ဘဝနေထိုင်မှု လမ်းချော်သွားခဲ့လျှင် ငရဲပါ ကျနိုင်သေးတယ်ပေါ့ဗျာ… ဒါကြောင့် ယခု ရရှိထားတဲ့လူ့ဘဝ လက်ရှိ အသက်အရွယ်ကနေ စပြီး တရားအားထုတ်သင့်ပါတယ် ခင်ဗျာ…

လေးစားစွာဖြင့် မောင်မနော…” ဆိုပြီးတော့ သူ့ရဲ့လူမှုကွန်ယက် စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်နော်။