(၁) နှစ်ကျော်ကြာပြီးနောက် ပရိတ်သတ်တွေနဲ့ ပြန်လည်ဆုံတွေ့မယ့် ယနေ့ည ရှိုးပွဲကို မိန်းကလေးတွေကို မလာစေချင်ဘူး လို့ ပြောလာ တဲ့ အဆိုတော် ရွှေထူး

ရွှေထူးကတော့ မြန်မာနိုင်ငံရဲ့ အောင်မြင်နေတဲ့ ထိပ်တန်း အဆိုတော်တွေထဲမှာ တစ်ယောက်အပါအဝင် ဖြစ်ပြီး ပရိတ်သတ်တွေရဲ့ အချစ်ကိုလည်း အခိုင်အမာရယူထားနိုင်တဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်လူငယ်တွေရဲ့ အားပေးမှုကို အခိုင်အမာ နေရာယူထားနိုင်တဲ့ အဆိုတော် တစ်ယောက်ဖြစ်တဲ့ ရွှေထူးကတော့ အချစ်သီချင်းလေးတွေ အလွမ်းသီချင်းလေးတွေ အဆွေးသီချင်းလေးတွေကို သီဆိုလေ့ ရှိပါတယ်။

ရွှေထူးဟာ ပြီးခဲ့တဲ့ တစ်နှစ်ကျော်အကြာမှာ ပရိတ်သတ်နဲ့ တိုက်ရိုက်ထိတွေ့တဲ့ ရှိုးပွဲတွေ အများကြီးမဆိုဖြစ်ခဲ့ပဲ လာမယ့် ဒီဇင်ဘာလ (၆) ရက်နေ့မှာတော့ Octoholic – ယစ်ထုပ်ဘဝဲ ဘားမှာ သီချင်းဆိုဖို့ ရှိတယ်လို့

အသိပေးလာခဲ့ပါတယ်။ ရွှေထူးကတော့ တစ်နှစ်ကျော်အကြာမှ ပရိတ်သတ်နဲ့ ပြန်ဆုံမယ့် ရှိုးပွဲမှာ ခေတ်ကာလအခြေအနေအရ မိန်းကလေးပရိတ်သတ်တွေကို စိတ်ပူတဲ့အကြောင်းကို “ညထွက်ဖို့ အခက်အခဲရှိတဲ့ ပရိတ်သတ်တွေ

ပြန်ရခက်မယ့်သူတွေ Car အခက်အခဲရှိမယ့် ပရိတ်သတ်တွေတော့ မလာစေချင်ဘူးဗျာ.. အရိုးသားဆုံးစိတ်ပူခြင်းပါ အထူးသဖြင့် မိန်းကလေးတွေ အတွက်ပါ” ဆိုပြီး ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးကတော့ တစ်နှစ်ကျော်အကြာမှ

ပရိတ်သတ်နဲ့ ပြန်ဆုံမယ့် ရှိုးပွဲမှာ မိန်းကလေးပရိတ်သတ်တွေကို စိတ်ပူလို့ မလာစေချင်ဘူးဆိုပြီး ရိုးရိုးသားသား စိတ်ပူပေးလာခဲ့တာပဲ ဖြစ်ပါတယ်။ ရွှေထူးရဲ့ စိတ်ထားလေးကတော့ တကယ့်ကိုချစ်စရာကောင်းလှတာပဲနော်။