အောင်မြင်နေတဲ့ မင်းသမီးဆိုပေမယ့် မိတ်ကပ်လိမ်းပေးတဲ့ ခင်စန်းဝင်းကို လေးလေးစားစားနဲ့ သွားရောက် ကန်တော့ခဲ့တဲ့ ဆုထက်လှိုင်

(2014) ခုနှစ်က ကျင်းပပြုလုပ်တဲ့ အိပ်မက်ဆုံရာက အဆိုတော်တစ်ယောက်ဖြစ်တဲ့ ဆုထက်လှိုင်ကတော့ အိပ်မက်ဆုံရာ သီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်း လူသိများလာခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။

အဆိုတော်တစ်ယောက် ဖြစ်သလို အခုဆိုရင် သရုပ်ဆောင်တစ်ယောက် အဖြစ်လည်း ရပ်တည်နေပြီ ဖြစ်တဲ့ ဆုထက်လှိုင်ဟာ ပြီးခဲ့တဲ့လတွေက ထုတ်လွှင့်ပြသနေတဲ့ “ဒေါင်းယာဉ်ပျံ ဘုံနံဘေးမှာ စာရေးလို့ထားချင်တယ်”

ဇာတ်လမ်းတွဲထဲက ဒေါ်တင်မေဦး ကာရိုက်တာနဲ့ ပရိသတ်အားပေးမှုကို အများအပြား ရရှိခဲ့သေးတာပဲ ဖြစ်ပါတယ်။ တစ်နေ့ထက်တစ်နေ့ အောင်မြင်မှုတွေ ရလာတာနဲ့အမျှ အလုပ်တွေကို ဆက်တိုက် လုပ်ကိုင်နေလျက်ရှိတဲ့

ဆုထက်လှိုင်ဟာ သူ့ရဲ့ဆရာသမားတွေ၊ လေးစားချစ်ခင်ရတဲ့သူတွေကိုတော့ သီတင်းကျွတ် ကန်တော့လျက် ရှိပါတယ်။ အောက်တိုဘာလ (၁၈) ရက်နေ့မှာလည်း မိတ်ကပ် ခင်စန်းဝင်းကို သီတင်းကျွတ် ကန်တော့ခဲ့တာကိုလည်း

တွေ့ရပါတယ်။ မိတ်ကပ် ခင်စန်းဝင်းဟာ နာမည်ကြီး မိတ်ကပ်ဆရာတစ်ယောက် ဖြစ်ပြီး မင်းသမီးတွေကတောင် လေးစားအားထားရသူ တစ်ယောက်လည်း ဖြစ်ပါတယ်။ အဲ့ဒါကြောင့်ပဲ သရုပ်ဆောင် ဆုထက်လှိုင်ဟာ

မိတ်ကပ်ခင်စန်းဝင်းကို လေးလေးစားစားနဲ့ သွားရောက် ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။