အောင်မြင်တဲ့ မော်ဒယ်တစ်ယောက် ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ ဘဝတစ်လျှောက်မှာ ငါးစိမ်းသည်လည်း ဖြစ်ခဲ့ဖူးတဲ့ မော်ဒယ် ရှယူ

မော်ဒယ် ရှယူကတော့ အမိုက်စား ခန္တာကိုယ်အချိုးအစား နဲ့အတူ ပရိတ်သတ်တွေ အကြိုက် အကောင်းဆုံးသော ဓာတ်ပုံများကို ရိုက်ကူးတင်ဆက်ပြသနိုင်ခဲ့တဲ့ အတွက်ကြောင့်

ပရိတ်သတ်များရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာ ရရှိထားတဲ့ မော်ဒယ်တစ်ဦးပဲ ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် မော်ဒယ်ရှယူက ငါးစိမ်းသည်ဘဝကနေ

အောင်မြင်တဲ့ မော်ဒယ်တစ်ယောက်ဖြစ်အောင် ကြိုးစားခဲ့ရတဲ့ အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ မော်ဒယ်ရှယူက “ကျနော် ငါးစိမ်းသည်လဲ လုပ်ခဲ့ဖူးတယ်…

အဲ့ဒီတုန်းက မိသားစုအ​ခြေအနေကလဲ အရမ်းအဆင်ပြေတဲ့ထဲ မပါဘူး… မနက်ဆို ကျနော် ငါးစိမ်းသည်လုပ်တယ်၊ ညနေဆို ကျနော် ကုန်စိမ်းတွေ ရောင်းတာပေါ့…

အခုလို အခြေအနေရောက်ဖို့ ကျနော် အများကြီး ကြိုးစားခဲ့ရတယ်… စျေးရောင်းရခဲ့လို့ ကျနော်မရှက်ဘူး… ကျနော့်အနားမှာ ရှိနေပေးတဲ့ အဖေနဲ့အမေကို ကျေးဇူးအများကြီးတင်တယ်..” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။