အိမ်မှာ အလုပ်အတူတူ လုပ်နေကြတဲ့ ညီတွေ ညီမတွေရဲ့ စားဝတ်နေရေးအတွက် ကွမ်းယာဆိုင်လေး ထောင်ပေးလိုက်တဲ့ လူရွှင်တော် မိုးစက်

လူရွှင်တော် မိုးစက်ကတော့ အကောင်းဆုံး သရုပ်ဆောင်ချက်များနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်များရဲ့

တခဲနက် အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် လူရွှင်တော် မိုးစက်က အိမ်မှာ အလုပ်လုပ်နေတဲ့ ညီတွေ ညီမတွေရဲ့ စားဝတ်နေရေးအတွက်

ကွမ်းယာဆိုင် ထောင်ပေးလိုက်တဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။ လူရွှင်တော် မိုးစက်က “ကျနော် နဲ့အတူတူ အလုပ်လုပ်ခဲ့တဲ့ ညီ၊ ညီမတွေ စားဝတ်နေရေးအတွက်

“လုံမေ” ကွမ်းယာဆိုင်လေး ဖွင့်ပေးထားတယ်.. သူတို့က သူတို့နေရပ်ဆီ ပြန်ရတော့မှာဆိုတော့ ဝင်ငွေလေးရအောင် လို့ အခုလို “လုံမေ” ကွမ်းယာဆိုင်လေး ဖွင့်ပေးထားတယ်…

ဆိုင်ခန်းလေးကိုလဲ သေချာလေး ဆောက်ပေးထားတယ်… မြန်မြန်လေးပဲ နေရာရှာပြီး ဆောက်ပေးထားတယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။