ဇာတ်ပို့ သရုပ်ဆောင် အံ့မင်းညိုကတော့ အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေနဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့်
ပရိတ်သတ်ကြီးတွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာ ဆိုရင် လူကြမ်းသရုပ်ဆောင် အံ့မင်းညိုက အနုပညာအလုပ်တွေ ရပ်နားထားချိန်မှာ
လက်ကီးဖား ဆိုဒ်စုံလေးတွေကို ကိုယ်တိုင်ပြုလုပ်ရောင်းချနေတဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။ လူကြမ်း သရုပ်ဆောင် အံ့မင်းညိုက “Lucky ဖား ဆိုဒ်စုံလေးတွေ
လိုချင်ရင် အံ့အံ့ဆီ မှာလို့ရပါတယ်… သစ်ကတော့ ပိတောက်သား စစ်စစ်လေးပါ… ဈေးနှုန်းကို cb မှာ မေးမြန်းနိုင်ပါတယ်ခင်ဗျ… အိမ်မှာ အလှထားလို့ အရမ်းကောင်းတဲ့
lucky ဖားလေးတွေပါ.. ဒါ ဆေးမသုတ်ရသေးတဲ့ အကြမ်းထည်လေးပဲ ရှိသေးတယ်နော်… ဆေးကိုင်ပီးရင် အရမ်းလှတယ်…” ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်နော်။