စက်တင်ဘာလ (၁၄) ရက်နေ့တွင် အုပ်ချုပ်ရေးမှူးဟောင်း ဗိုလ်မင်းက နယ်ထိန်းရဲ ဇော်လွင်စိုးနှင့်ပူးပေါင်း၍ တောင်ကန်ကျေးရွာတွင် ကြက်တိုက်ပွဲအပါအဝင် လောင်းကစားဝိုင်းများကို ဖိတ်စာ ဖိတ်ကြား၍ ဖွင့်လှစ်ခဲ့ကြောင်း၊ အပတ်စဉ်
အင်္ဂါ၊ ဗုဒ္ဓဟူး၊ ကြာသာပတေးနေ့များတွင် ကြက်တိုက်ပွဲများနှင့် လောင်းကစားဝိုင်းများ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ လောင်းကစားဝိုင်းများကို စစ်တပ်နှင့်ရဲများက ခွင့်ပြုလာနေခြင်းသည်
နိုင်ငံတစ်ဝန်းလုံးတွင် ဖြစ်ပွားနေခြင်းဖြစ်ကြောင်း၊ စစ်ကောင်စီက စီမံချက်သဘောပုံစံမျိုးဖြင့် နှစ်လုံးထီ၊ လောင်းကစားဝိုင်း၊ သုံးလုံးထီ၊ မူးယစ်ဆေးဝါး၊ ပြည့်တန်ဆာလုပ်ငန်းများကို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ထိန်းချုပ်မရှိတော့ဘဲ လုပ်ကိုင်ခွင့်ပြုထားကြောင်း
ပြည်သူများက ပြောဆိုကြသည်။ ဧရာဝတီတိုင်း၊ အိမ်မဲမြို့နယ်၊ ကမ်းပြိုအုပ်စု သစ်တိုချောင်းကျေးရွာတွင် ဥပဒေမဲ့ လောင်းကစားဝိုင်းများ ခြောက်ကောင် ကြက်ဝိုင်းများအပါအဝင် လောင်းကစားဝိုင်းများဖြင့် စည်ကားလျက်ရှိပြီး
လာရောက် လောင်းကစားကြသူများကို လူကောင်းကျွန်းရဲစခန်းက ထမင်းကျွေးမွေးကြောင်း သိရှိရသည်။ ရန်ကုန်တိုင်း အတွင်းတွင်လည်း နှစ်လုံးထီနှင့် သုံးလုံးထီ၊ လောင်းကစားဝိုင်းများ ပေါ်ပေါ်တင်တင် ပုံစံဖြင့်လည်းကောင်း၊ ခိုးကြောင်ခိုးဝှက်ပုံစံဖြင့်လည်းကောင်း
ပုံစံမျိုးစုံဖြင့် ပေါ်ပေါက်နေပြီး စစ်တပ်နှင့် ရဲဘက်က အရေးယူမှုမရှိဘဲ လိုင်းကြေးယူ ဖွင့်လှစ်ခွင့်ပြုနေကြောင်း သိရှိရသည်။
Be the first to comment