ဒီကနေ့မှာတော့ live Sale ဘုရင်မကြီး နှိုင်းရှင်မြင့်မိုရ်က အပြင် ရတနာဆိုင်တွေက ရတနာပစ္စည်းတွေကို ပါမက အိမ်က အတွင်းပစ္စည်းတွေကိုပါ ရောင်းချလာပါတယ်နော်။
နှိုင်းရှင် ရောင်းချမယ့် အတွင်းပစ္စည်းလေးကတော့ “ဒီကုတင်လေး သားသု လိုချင်လို့ ဆိုလို့ (16) သိန်း တရုတ်ပြည်က ပို့ခ (1) သိန်း ကျော်ပါ ထပ်ကုန်တယ်…
ခု (22) သိန်းဖြစ်သွားပီ… အိမ်မှာ ခေါ်ဆင်ပီး သားသု အပေါ်တက်အိပ်မယ် ထင်တာ တက်မအိပ်ခဲ့ပါဘူး…😂 အောက်ထပ်မှာကလည်း သားအမိ သားအဖ (4) ယောက်က မဆန့်နဲ့…
အိမ်မှာ နေရာတွေကြပ်ပီး ဘာလုပ်ရမှန်းမသိဘူးးး.. သားလေးလိုချင်တုန်းက online နှစ်ခုကနေ အသည်းအသန် မှာတာ (2) ခါ ငွေအလိမ်ခံလိုက်ရတယ်..
(3) ခါမြောက် တူးတူး အွန်လိုင်းနဲ့ကျမှ အိမ်ရောက်လာတာ… ခုလည်း မိသားစုလေးယောက် အောက်မှာပဲ အိပ်နေတာမို့လို့ ထက်ဝက်ဈေးနဲ့ ပြန်ရောင်းချင်ပါတယ်….
သေတ္တာတွေဆို ပါကင်အတိုင်းပဲ ထုတ် မဆင်ရသေးပါဘူးးးး.. စိတ်ဝင်စားရင် နှိုင်းရှင် cb လာပေးနော်..” ဆိုပြီး ပြောလာပါတယ်နော်။ ပရိတ်သတ်ကြီးထဲက လိုချင်သူများရှိရင် ဆက်သွယ် မေးမြန်းနိုင်ပါတယ်နော်။
Be the first to comment