အိပ်မက်လာပေးတဲ့ မင်းသွေး ဆန္ဒအတိုင်း ဖြည့်ဆည်းပေးသွားမှာပါ လို့ ပြောလာတဲ့ မိခင် ဒေါ်သန်းမြိုင်

သရုပ်ဆောင် မင်းသွေးကတော့ ပြီးခဲ့တဲ့ (၂၀၁၈) ခုနှစ်၊ အောက်တိုဘာလ (၃) ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပြီပဲ ဖြစ်ပါတယ်။ အခုချိန်မှာဆိုရင် မင်းသွေးကွယ်လွန်သွားတာ (၄) နှစ် ကျော်ခဲ့ပြီပဲ

ဖြစ်ပါတယ်နော်။ အခုတစ်ခါမှာဆိုရင် မိခင် ဒေါ်သန်းမြိုင်က အိပ်မက်လာပေးတဲ့ မင်းသွေးဆန္ဒအတိုင်း ဖြည့်ဆည်းပေးသွားမှာပါ ဆိုပြီး အခုလို ပြောလာခဲ့ပါတယ်နော်။ မိခင် ဒေါ်သန်းမြိုင်က

“အိပ်မက်လာပေးတဲ့ မင်းသွေးဆန္ဒအတိုင်း ဖြည့်ဆည်းပေးသွားမယ်… အရီးမှာ အခု သူမရှိတော့ လက်တစ်ဖက် ပြုတ်သွားသလို ခံစားရတယ်… ဝိပသာနာတွေကို ငါ့သား ‘ဝ’ အောင်

လုပ်ပြီးရင် တကယ်လို့များ လူ့ဘ၀ကို ပြန်လာမယ်ဆိုရင် အမေတို့ မိသားစုထဲပဲ ပြန်လာပါလို့ ဆုတောင်းတယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။