အိန္ဒြာကျော်ဇင် ကိုယ်တိုင်ရေးဆွဲထားပြီး လုံးဝ မထင်မှတ်လောက်အောင် လက်ရာမြောက်လွန်းနေတဲ့ ပန်းချီကားလေးများ

အိန္ဒြာကျော်ဇင်ကတော့ အနုပညာလောကမှာ ထိပ်ဆုံးနေရာကနေ ရပ်တည်အောင်မြင် နေသူ ဖြစ်ပါတယ်။ လင်းလက်တောက်ပတဲ့ အနုပညာငွေကြယ်ပွင့်လေးဖြစ်တဲ့ အိန္ဒြာကျော်ဇင်က ပရိတ်သတ်တွေရဲ့အသည်းကျော်လေးလည်း ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း အူဝဲရဲ့

သရုပ်ဆောင်မှုတွေအပြင် သူမရဲ့ဖက်ရှင်တွေကိုပါ ကြွေနေရတာ ဖြစ်ပါတယ်။ ကလေးနှစ် ယောက်မိခင် ဖြစ်တဲ့ အူဝဲက ယနေ့ချိန်အထိ ပျိုမျစ်နုနယ်ပြီး အရွယ်တင်လှပနေဆဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲက ယနေ့ခေတ်လူငယ်တွေနဲ့အပြိုင် ငယ်ရွယ်နုပျိုနေတာကလည်း

ပရိတ်သတ်တွေကို အချစ်ပိုစေတဲ့ အချက်တစ်ခုပဲ ဖြစ်ပါတယ်။ ဒါ့အပြင် အူဝဲကတော့ အမြဲကျန်းမာရေးလိုက်စားကာ လေ့ကျင့်ခန်းတွေ ပုံမှန် ပြုလုပ်တတ်သူလေးလည်း ဖြစ်ပါတယ်။ ဒါကြောင့်လည်း မြင်သူတိုင်း ကြွေရလောက်အောင် လှနိုင်လွန်းတဲ့ အူဝဲကို ဖက်ရှင်ဘုရင်မ

လို့တောင် ပရိတ်သတ်တွေရဲ့တင်စားခေါ်ဝေါ်ခြင်းကို ခံထားရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ Stay Home ရင်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းနေတာဖြစ်ပြီး သူမဝါသနာပါရာလေးတွေကို လုပ်လေ့ရှိရာ အခုလည်း ကိုယ်တိုင် ရေးဆွဲထားတဲ့ ပန်းချီကား အမိုက်စားလေး

တွေကို သူမရဲ့ အကောင့်လေးမှာ ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။ ပန်းချီကားလေးတွေဟာ မိမိုက်လွန်းပြီး ဘက်စုံတော်တဲ့ သူမကို ပရိတ်သတ်တွေက ကောမန့်မှာ ချီးကျူးစကားဆိုနေကြတာလည်း ဖြစ်ပါတယ်။ ကဲ… ချစ်ပရိတ်သတ်တွေအတွက် မင်းသမီးချော အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။