အားသွင်းပြီး အသုံးပြုရတဲ့ မီးလုံးရဲ့ အန္တရာယ်ကြီးပုံကို သတိပြုရအောင် ပြောပြလာတဲ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ မြဝတီက အစ်မတယောက်

မည်သူ တစ်ဦးတယောက်ရဲ့ စီးပွားရေးကိုမှ တုတ်နဲ့ထိုးခြင်း မဟုတ်ပါ။ ယခုပုံပါ မီးလုံးကို သုံးစွဲနေသူ မိဘပြည်သူများအားလုံး သတိထားမိနိုင်စေရန်အတွက် တင်ခြင်းသာ ဖြစ်ပါတယ်။ မီးပျက်တဲ့အိမ်တိုင်းမှာ (သို့မဟုတ်) အိမ်တော်တော်များများမှာ ဒါမျိုးမီးလုံးတွေ သုံးလေ့ရှိကြပါတယ်။

ယမင်းလဲ ဆိုင်မှာ လိုကာမယ်ကာ သုံးရအောင် ဒါမျိုး မီးလုံး ၄/၅ လုံးဝယ်ထားပါတယ်။ မီးလာရင်လဲ အဲ့ဒီမီးလုံးတွေကို အား ပြေးပြေးသွင်းရတာ အလုပ်တခုလိုပါပဲ။ အခုလဲ အိမ်က အမျိုးသားက ဒီမနက်မှ မီးလုံးကို အိပ်ယာဘေးမှာရှိတဲ့ ပလပ်ခုံတခုမှာ အားသွင်းပြီးထားခဲ့ပါတယ်။

(ဒါတောင် အချိန်မကြာဖူးနော် သွင်းထားတာ) ယမင်းက အိပ်ယာထ နောက်ကျတော့ ကိုယ်နိုးလာတဲ့အချိန်မှာ နားထဲ တရွှီးရွှီးအသံကြားနေတာနဲ့ ဘယ်ကလဲ သေချာမသိတာနဲ့ ပလပ်ထိုးထားတဲ့ အရာတွေအကုန်လုံးကို ဆွဲဖြုတ်ထားလိုက်ပါတယ်။ ပလပ်တွေ ဖြုတ်ပြီး မကြာပါဖူး

အခုမြင်ရတဲ့ပုံအတိုင်းပါပဲ။ ဖုန်းခနဲ ဆိုပြီး အဲ့ဒီမီးလုံးရီးက ထ ပြီးပေါက်ပါတော့တယ်။ ပေါက်တာတောင် ရိုးရိုးမဟုတ်ပဲ မီးတွေပါ ထ တောက်ပြီး ပေါက်တာပါ။ အနားက ပစ္စည်းတွေပါ မီးဆွဲကုန်ပြီး ကိုယ်လဲ ရုတ်တရတ်ဆိုတော့ ကြောင်ပြီး ဘာလုပ်လို့ ဘာကိုင်ရမှန်းတောင် မသိပါဖူး။ အဲ့တာနဲ့ ကမန်းကတန်း ရေနဲ့ပြေးလောင်ရပါတယ်။

အဲ့ဒီနေရာမှာ ပလပ်တွေသာ ဆွဲမဖြုတ်ထားရင် မတွေးရဲစရာပါပဲ။ ရှော့တခုခုဖြစ်မှာ အသေချာပါပဲ။ အားပြင်းလား မပြင်းလား ဆိုတာကတော့ မီးလုံးတခုလုံး အရည်ပျော်သွားတဲ့ အပြင် အခန်းထဲမှာ ရှိတဲ့ TV ပါ ကွဲသွားတာပါ။ အားသွင်းပြီး ထားခဲ့တဲ့သူတွေ အိမ်မှာလူများ မရှိကြည့် တအိမ်လုံးပြာကျသွားမဲ့ အနေအထားမျိုးမို့

ဒီမီးလုံးကို သုံးနေတဲ့သူများ အားလုံး သတိထားနိုင်ရန် ဒီပို့စ်ကို တင်ရခြင်းဖြစ်ပါတယ်။ မီးလုံးရယ်မှ မဟုတ်ဖူး တော်တော်များများဟာ ဖုန်းဆိုလဲ ဖုန်း ကိုယ့်ဘေးကပ်ရပ်မှာ အားသွင်းပြီး အိပ်ကြတယ်။ ဒါမျိုးဟာ မကြုံဖူးရင် မသိပါဖူး။ အရမ်းကိုမှ အန္တရာယ်များတဲ့ အဖြစ်တွေပါရှင်။

(ဒါတောင် ယမင်းတို့သွင်းထားတာအကြာကြီးမဟုတ်သေးဖူးနော်။ တချို့ကအကြာကြီးသွင်းတော့ ဖြစ်တာတောင်နည်းသေး ဆိုပြီးပြောတဲ့ မန့်တွေ တွေ့နေရလို့ပါ။ ယမင်းတို့ မြဝတီမှာ မီးမလာတာ တစ်လကျော်ကြာနေပါပြီနော်။ မနက်ဘက် မီးစက်ဖွင့်တဲ့အချိန် တချက်ပဲ သွင်းရတာပါ။ အခန့်မသင့်ရင်ဖြစ်တတ်တယ်။

သတိမမူမိတဲ့အချိန်မှာ ဖြစ်တတ်တဲ့ သဘောကို ပြောပြပေးတာပါ။ ဘယ်သူမှတော့ ၁၀၀% သတိမရှိနိုင်ပါဖူး။ ဒီလိုမျိုးအရာတွေနဲ့ ပက်သက်လာရင် သတိထားမိဖို့ပဲပြောပြချင်တာပါ။) ကိုယ့်တုန်းက သုံးတာ ဘာမှမဖြစ်ဖူးဆိုတဲ့သူတွေ ဆက်သုံးပါ။

တချို့ အား အကြာကြီးသွင်းကြတဲ့ သူတွေအတွက် သတိထားနိုင်အောင်တင်ပေးတာပါ။ မဖြစ်ရင်တော့ အကောင်းဆုံးပေါ့။ ဖြစ်လာရင် မီးဘေးဆိုတာ ကိုယ့်တယောက်တည်း ခံစားရတာမဟုတ်လို့ သတိထားမိကြစေဖို့ပါ။

Be the first to comment

Leave a comment

Your email address will not be published.


*