G Fatt နဲ့ နန်းဆုရတီစိုးတို့ကတော့ သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် လမ်းခွဲပြတ်ဆဲလိုက်ကြတာ အချိန်အတော်ကြာခဲ့ပြီ ဆိုပေမယ့် ပရိတ်သတ်တွေကတော့ ဒီနေ့ဒီအချိန်ထိ
သူတို့နှစ် ယောက်အကြောင်းကို စနောက်နေကြဆဲပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ပရိတ်သတ်တွေရဲ့ စနောက်မှုအပေါ် နန်းဆုကရော G Fatt ကရော အပြစ်မမြင် စိတ်မဆိုးပဲ သူတို့ ရှေ့ဆက်
လျှောက်ရမယ့်လမ်းကိုသာ တည့်တည့်မတ်မတ် လျှောက်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ G Fatt က တရုတ်နှစ်သစ်ကူးနဲ့ ပတ်သက်ပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ
Status တစ်ခု တင်ခဲ့ရာ ပရိသတ်တစ်ယောက်က “မနန်းဆီက အန်ပေါင်းရတာလား နဂါးလေးရ..” ဆိုပြီး စနောက်ခဲ့ရာ G Fatt က “မရပါဘူးကွာ… ခေါ်မှမခေါ်တော့တာ..” ဆိုပြီး ချစ်စရာကောင်းစွာ
တုံ့ပြန်ခဲ့တာကြောင့် ပရိတ်သတ်တွေက သဘောကျနေကြတာပဲ ဖြစ်ပါတယ်။ G Fatt နဲ့ နန်းဆုရတီစိုးတို့ကတော့ လမ်းခွဲပြတ်ဆဲလိုက်ခဲ့တာ အတော်ကြာပြီ ဆိုပေမယ့်
ပရိတ်သတ်တွေကတော့ G Fatt တို့ကို ဒီနေ့ဒီအချိန်ထိ စနောက်နေကြဆဲပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း G Fatt ရဲ့ အဖြေကို ကြည့်ပြီး သဘောကျကြမယ်လို့ ထင်ပါတယ်နော်။
Be the first to comment