အာဗြဲစိန်မှ ကူညီပြီး အလှူခံပေးနေတဲ့ ပုသိမ်ကြီးမြို့နယ်က ဘုန်းကြီးကျောင်းဆောင်သစ် ဆောက်လုပ်ဖို့အတွက် (၃) သိန်း လာရောက်လှူဒါန်းသွားတဲ့ အဆိုတော် ပိုပို

သရုပ်ဆောင် မင်းသားကြီး နေမျိုးအောင်ရဲ့ အမျိုးသမီးဖြစ်သူ မသန္တာကတော့ “အာဗြဲစိန်” ဆိုတဲ့ ဟင်းချက်နည်းတွေ မျှဝေပေးသူတစ်ယောက် ဖြစ်ပါတယ်။ အာဗြဲစိန်ဟာ နာမည်ကြီးဆယ်လီတစ်ယောက် ဖြစ်သလို

အလှူအတန်းတွေကိုလည်း မကြာခဏပြုလုပ်တတ်သူ အဖြစ် နာမည်ကြီးသူ ဖြစ်ပါတယ်။ လတ်တလောမှာလည်း မသန္တာဟာ ပုသိမ်ကြီးမြို့နယ်မှာ ရှိတဲ့ ဘုန်းကြီးကျောင်း တစ်ခုအတွက် ကျောင်းဆောင်သစ်ကြီးတစ်ခုကို

ဆောက်လုပ်ဖို့ ကူညီအလှူခံနေလျက် ရှိတာဖြစ်ပြီး အဆိုတော်ပို ပိုကလည်း သူမရဲ့ ကျောင်းဆောင်သစ် အလှူခံမယ့်ပို့စ်ကိုတွေ့ပြီး ငွေကျပ် သုံးသိန်း လှူဒါန်းဖြစ်ခဲ့ကြောင်း ပြောလာပါတယ်။ အာဗြဲစိန်က သူမရဲ့

ဖေ့စ်ဘုတ်စာမျက်နှာမှာ “ဘုန်းဘုန်းတွေ ကျောင်းဆောင်အတွက် ပိုပိုမှ အလှူငွေ (၃) သိန်းလှူပေးလို့ ဘုန်းဘုန်းကိုယ်စား ကျေးဇူးပါ ညီမရေ.. အလှူဒါနကြောင့် ကိုယ်စိတ် (၂) ပါး ကျမ်းမာချမ်းသာပြီးအလိုဆန္ဒဟူသမျှ

ပြည့်ဝရပါစေသား… နိုင်သလောက် လှူဒါန်းပေးကြသော ချစ်ခင်ရသူများအားလည်း ကျေးဇူးအထူးပါရှင့်..” ဆိုပြီး ဖေ့စ်ဘုတ်စာမျက်နှာမှာ ရေးသားခဲ့တာပဲ ဖြစ်ပါတယ်။ပိုပိုကတော့ အရင်ကတည်းက အလှူအတန်းဆိုရင်

လက်နဲ့မကွာ လှူဒါန်းခဲ့သူတစ်ယောက် ဖြစ်ပြီး သူမ လွတ်မြောက်လာခဲ့ပြီး အလုပ်တွေ မလုပ်နိုင်သေးခင်မှာလည်း စိတ်ရှိသရွေ့ လှူတန်းမှုတွေ ပြုလုပ်နေလျက် ရှိတာပဲ ဖြစ်ပါတယ်။