“အသုပ်သည်ရဲ့ သား ဖြစ်ရတာ ရှက်စရာ မဟုတ်ပါဘူး” လို့ မိသားစုအကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောလာတဲ့ သရုပ်ဆောင် သုတအောင်

သရုပ်ဆောင် သုတအောင်ကတော့ လက်ရှိမှာ ထုတ်လွှင့်ပြသနေတဲ့ “ဝိပါက” ဇာတ်လမ်းတွဲထဲမှာ ထူးခန့်ကျော်နဲ့အတူ ပါဝင် သရုပ်ဆောင်ထားပါတယ်။ သဘာဝကျတဲ့ သရုပ်ဆောင်ချက်တွေကြောင့် ပရိတ်သတ်တွေ အားလုံးဟာ

အချိန်တိုအတွင်းမှာပဲ လက်ခံအားပေးခြင်းကို ခံခဲ့ရပါတယ်။ သရုပ်ဆောင် သုတအောင်ဟာ ဆရာတွေကို လေးစားသလို မိဘကိုလဲ သိတတ်လိမ္မာသူတစ်ဦးလဲ ဖြစ်ပါတယ်။ သီတင်းကျွတ် အချိန်အခါမှာ

မိခင်ရှိတဲ့ နယ်မြို့လေးကို သွား‌ရောက်ခဲ့ပြီး ရသမျှ အနုပညာကြေးလေးတွေနဲ့ ကန်တော့ခဲ့ပါသေးတယ်။ သရုပ်ဆောင် သုတအောင်ဟာ မိဘက အသုပ်သည်ဖြစ်တာ ရှက်စရာမဟုတ်ပါဘူး ဆိုပြီး သူ့ရဲ့ဘဝအကြောင်းကို

”အသုပ်သည် ဖြစ်တာ ရှက်စရာမဟုတ်ဘူး.. ကျွန်တော် ကိုယ်တိုင်လဲ မရှက်လို့ပဲ ဒီကိစ္စကို ခနခန ထုတ်ပြောနေတာပေါ့.. ခိုးဝှက်နေတဲ့ မိဘဆိုရင်တောင် မိဘက မိဘပဲ.. ကျွန်တော့် အဖေအမေက ခိုးဝှက်နေတဲ့ မိဘမဟုတ်သလို

မကောင်းတာလုပ်စားတဲ့ မိဘလဲ မဟုတ်ဘူး.. သူတတ်တဲ့ပညာနဲ့ သားသမီးတွေကို ပညာသင်ပေးဖို့ရယ် သားသမီးတွေ ဘဝ သာယာဖြောင့်ဖြူးဖို့ရယ် သူတို့လုပ်နိုင်တဲ့ အခြေအနေတစ်ခုမှာ အသုပ်ရောင်းစားတာ

သားသုံးယောက် မွေးထားတယ်.. (၃) ယောက်စလုံး သူ့နေရာနဲ့သူ ဖြစ်နေပြီ.. အဖေက ဓာတ်ပုံဆရာ.. နယ်တကာလှည့်ပြီး ဓာတ်ပုံရိုက်ရတယ်.. အမေက အိမ်ရှေ့က စျေးဆိုင်အသုပ်သည်..” ဆိုပြီး

အင်တာဗျူးတစ်ခုမှာ ရေးသားထားတာကို တွေ့ရပါတယ်။ မိဘအပေါ်သိတတ်တဲ့ သုတအောင်ရဲ့ စိတ်ဓာတ်ကတော့ လေးစားအတုယူဖို့ ကောင်းပါတယ်နော်။