အသက် (၂၀) ပြည့် မွေးနေ့အမှတ်တရ ပုံလေးတွေကို မျှဝေလာတဲ့ မင်းသားချော ကောင်းမြတ်စံရဲ့ ညီမလေး တက်သစ်စ အနုပညာကြယ်ပွင့်လေး အေးမြတ်နိုးစံ

ပါးချိုင့်လေးနဲ့ ကိုရီးယားမင်းသားတစ်ယောက်လိုချောမောတဲ့ မင်းသားချော ကောင်းမြတ်စံကတော့ ပရိသတ်ကြီးအတွက် အထွေအထူးမိတ်ဆက်ပေးနေဖို့ လိုမယ်မထင်ပါဘူး။ ကောင်းမြတ်စံဟာ ညီမလေးတစ်ယောက်ရှိပြီး

သူ့ရဲ့ညီမလေးကိုလည်း ပရိသတ်တွေအားလုံးသိပြီးသားဖြစ်မှာပါ။ ကောင်းမြတ်စံရဲ့ ညီမလေး အေးမြတ်နိုးစံဟာလည်း ကောင်းမြတ်စံလိုပဲ အနုပညာအလုပ်ကိုဝါသနာပါသူဖြစ်ပြီး အခုဆိုရင် MRTV4 Talent တစ်ယောက်အဖြစ်

ရပ်တည်နေလျက်ရှိပြီပဲ ဖြစ်ပါတယ်။ Dec-1 ရက်နေ့ရဲ့ မွေးနေ့ရှင်ကတော့ ကျွန်တော်တို့ ချစ်ခင်အားပေးနေသော အနုပညာရှင်မင်းသားချော ကောင်းမြတ်စံရဲ့ ချစ်ညီမလေးလည်း ဖြစ်၊ ချစ်စဖွယ် မူဟန်လေးတွေနဲ့ ကျွန်တော်တို့

ပရိတ်သတ်တွေရဲ့ နှလုံးသားထဲကို အစ်ကိုဖြစ်သူ နှင့်အတူ စိုးမိုးနေရာယူလာခဲ့သော တက်သစ်စ အနုပညာကြယ်ပွင့်လေး⭐ Aye Myat Noe San ⭐ အေးမြတ်နိုးစံရဲ့ မွေးနေ့ပါ😍 Happy birthday ပါနော် ပန်နီလေး🎂 မွေးနေ့ကို

ချစ်ခင်ရပါသော မိသားစုနှင့်အတူ ပျော်ရွှင်ချမ်းမြေ့စွာ ဖြတ်သန်းနိုင်ပြီး ချစ်ရပါသောအစ်ကိုဖြစ်သူ နှင့်အတူ အောင်မြင်စွာနဲ့ အနုပညာခရီးလမ်း အတူတစ်ကွ လျှောက်လှမ်းနိုင်ပါစေလို့ မွေးနေ့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်။

🙏 ဒီဇင်ဘာလ (၁) ရက်နေ့ကတော့ ကောင်းမြတ်စံရဲ့ညီမလေး အေးမြတ်နိုးစံရဲ့ မွေးနေ့လေးပဲ ဖြစ်ပါတယ်။ အေးမြတ်နိုးစံဟာ သူမရဲ့ အသက် (၂၀) ပြည့်မွေးနေ့ကို ဖြတ်သန်းခဲ့တာ ဖြစ်ပြီး သူမရဲ့ မွေးနေ့အမှတ်တရ ချစ်စရာကောင်းတဲ့

ပုံရိပ်လေးတွေကိုလည်း မျှဝေပေးထားတာမို့ ပရိတ်သတ်ကြီးအတွက် ပြန်လည် ဖော်ပြလိုက်ပါတယ်နော်။ အေးမြတ်စံဟာလည်း သူမရဲ့ ကိုကိုကောင်းမြတ်စံလိုပဲ အနုပညာအလုပ်တွေကို စတင်ပြီး လုပ်ကိုင်နေပြီမို့ ပရိသတ်ကြီးကလည်း

ကောင်းမြတ်စံကို အားပေးသလို အေးမြတ်နိုးစံလေးကိုလည်း အားပေးကြပါဦးလို့ တောင်းဆိုလိုက်ပါတယ်နော်။