အသက် (၁၂) နှစ်ပြည့်လာခဲ့ပြီ ဖြစ်တဲ့ သမီးလေးစစ်လွန်းဝတီထက်အတွက် မွေးနေ့ဆုတောင်းပေးလာတဲ့ ဖေဖေ စိုင်းလွှမ်း

အဆိုတော် သရုပ်ဆောင် စိုင်းလွှမ်းကတော့ ပရိတ်သတ်တွေ သိပြီးသား အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စိုင်းလွှမ်းဟာ သမီးလေး စစ်လွန်းဝတီထက်ကို အဖေလိုတစ်မျိုး အမေလိုတစ်မျိုး ပြုစုစောင့်ရှောက်နေရတာကြောင့်

အနုပညာအလုပ်တွေကို အများကြီး အချိန်မပေးနိုင်တော့ပဲ ပရိတ်သတ်နဲ့ အလှမ်းဝေးသွားခဲ့သလိုဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့ ဇန်နဝါရီလ (၁၁) ရက်နေ့က စစ်လွန်းဝတီထက်ရဲ့မွေးနေ့လေးဖြစ်ပြီး စိုင်းလွှမ်းကလည်း သူ့ရဲ့ သမီးလေး

အတွက် မွေးနေ့ဆုတောင်းပေးလာပါတယ်။ စိုင်းလွှမ်းက “အသက် (၂၀) ကျော် ခါစ ချာတိတ် တစ်ယောက် ဂရုတစိုက်ပြုစုလာခဲ့တာ (၁၂) နှစ် အရွယ် သမီးလေးတစ်ယောက် ဆိုတဲ့ အရွယ်လေး ဖြစ်လာခဲ့ပြီ/ သက်ရှည်ကျန်းမာ

စိတ်ချမ်းသာပြီး လိုရာဆန္ဒ ပြည့်ဝပါစေ တစ်ရက်တည်း အတူမွေးကြတဲ့ မေကြီး🙏 နှင့် သမီးလေး …” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မွေးနေ့ဆုတောင်းပေးခဲ့ပါတယ်။ စစ်လွန်းဝတီထက်ကတော့ ဖေဖေစိုင်းလွှမ်းရဲ့ ဂရုတစိုက်

စောင့်ရှောက်မှုနဲ့ ကျန်းကျန်းမာမာ လှလှပပလေး ကြီးပြင်းလာခဲ့တာ အခုဆိုရင် အသက် (၁၂) နှစ်ဆိုတဲ့ အရွယ်ကို ရောက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း ဒီကနေ့ရဲ့ မွေးနေ့ရှင်လေး စစ်လွန်းဝတီထက် အတွက် အမှတ်တရ မွေးနေ့ဆုတောင်းစကားလေးတွေ ပြောခဲ့ကြပါဦးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*