အသက်ကြီးလာလို့ အိုစာမင်းစာအတွက်ကို ပိုက်ဆံတွေချည်း စုနေလို့မဖြစ်ဖူး ဆိုပြီး မေတ္တာတွေပါ စုနေတဲ့ အဆိုတော် ရွှေရည်သိန်းတန်

ပရိတ်သတ်ကြီးရေ ဂန္တဝင် တေးသံရှင်ကြီး တွံတေးသိန်းတန်ရဲ့ သမီးဖြစ်သူ မြန်မာသံအဆိုတော် ရွှေရည်သိန်းတန် ကိုတော့ အားလုံးပဲသိကြမှာပါနော်။ သူမကတော့ ခင်ပွန်းကွယ်လွန်ပြီး ယနေတိုင်အောင် ခင်ပွန်းဖြစ်သူကို တစ်ရက်မှ မေ့မရနိုင်သေးတဲ့ အကြောင်းကို အမြဲတမ်းလိုလို ရေးသားနေခဲ့တာ ဖြစ်ပါတယ်။

ခင်ပွန်းဖြစ်သူ နေလကတော့ တတိယလှိုင်းမှာပဲ ကိုဗစ်ရောဂါနဲ့ ရုတ်တရတ် ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။ ရှေ့သွားနောက်လိုက် လိုက်ဖက်လွန်းလို့ အားလုံးက ချစ်ခင်ကြတဲ့ သူမတို့ ဇနီးမောင်နှံကတော့ ကိုဗစ်ကြောင့် သေကွဲကွဲခဲ့ရတာပဲ ဖြစ်ပါတယ်။ သူမသိပ်ချစ်ရတဲ့ခင်ပွန်း ကွယ်လွန်ပြီးနောက်ပိုင်း

သူမကတော့ ခင်ပွန်းဖြစ်သူအတွက် အလှူအတန်းတွေ များများလုပ်ရင်း အချိန်တွေကို ကုန်ဆုံးနေပါတယ်။ အဆိုတော် ရွှေရည်သိန်းတန် ကတော့ မိန်းမသားဖြစ်နေပေမယ့် စီးပွားရေးလုပ်ငန်းတွေကို ကိုယ်တိုင်ဦးဆောင် လုပ်ကိုင်နေပြီး ဘာသာတရား ကိုင်းရှိုင်းသူလဲ ဖြစ်ပါတယ်။ သူမဟာ မကြာခင် လပိုင်းလောက်က

မကြာခင်လက်ထပ်တော့မယ့် ခင်ပွန်းဖြစ်သူကိုလဲ ပရိတ်သတ်တွေကို မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အဆိုတော် ရွှေရည်သိန်းတန် ဟာ အသက်ကြီးလာလို့ အိုစာမင်းစာကို ပိုက်ဆံတွေပဲစုနေလို့ မဖြစ်ဖူး ဆိုတဲ့ အကြောင်းကို ”ဒီရက်အတွင်း ကျွန်မ မေတ္တာတွေစုနေလို့ပါ.. အသက်ကြီးလာလို့အိုစာမင်းစာအတွက် စုဆောင်းတဲ့အခါ

ပိုက်ဆံချည်း စုလို့ မရဘူး… မေတ္တာပါ စုရပါတယ်.. ပိုက်ဆံက နေဖို့ ထိုင်ဖို့ အိမ် ခြံ တိုက်တာ စားဖို့ သွားဖို့ လာဖို့ မကျန်းမာရင် ကုသဖို့ လိုတာမှန်ပေမယ့် အိုလာတဲ့အခါ ဘေးနားမှာ ကိုယ့်ရဲ့ ဝေယျာဝေစ္စကို လုပ်ပေးမယ့် မေတ္တာရှိတဲ့သူ လိုလာပါတယ်… သားသမီးမြေးမြစ် ဘယ်နှစ်ယောက်ရှိရှိ အခုခေတ် ပိုဆိုးတယ်..

အနားမှာ ဘယ်သူမှခဏတစ်ဖြုတ်အပြင် အဖော် မလုပ်ပေးအားကြဘူး.. အဲ့တော့ အသက်အရွယ် ရလာတဲ့အခါအိုလာတဲ့အခါ ဘယ်သူနဲ့ဖြစ်ဖြစ် ကိုယ့်အနားရောက်လာရင် ချစ်အောင်နေ အေးချမ်းအောင်နေ မေတ္တာထား စကားပြောတာ ခေါ်တာ ပြောတာကအစ အေးချမ်းအောင် နှစ်လိုဖွယ်ဖြစ်အောင် ဘယ်သူ့ကိုဖြစ်ဖြစ်

မေတ္တာနဲ့ ဆက်ဆံပြီး မေတ္တာတွေ စုရပါတယ်… အဲ့ဒါမှ ကိုယ်အိုလာတဲ့အခါ လုပ်ပေးမယ့်သူ ပြုစုမယ့်သူ ပေါပြီး အိုတဲ့အချိန်ကို အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်မှာ… အိုလာတဲ့ အချိန်မှာ ကျန်းမာရေးက ဘဝကူးတဲ့အချိန်အထိ ကိုယ့်လက် ကိုယ့်ခြေ ကိုယ်သယ်နိုင်တဲ့ အနေ အထားဆိုရင်တော့ တော်သေးတာပေါ့..

သူများ အကူအညီ လိုလာပြီဆို အိုစာ မင်းစာ စုလာတာမှာ ပိုက်ဆံချည်းပဲ မပြည့်စုံတော့ဘူး…မေတ္တာတွေပါ လိုလာပါပြီ…တကယ်တော့ အိုလာတဲ့အချိန်မှာ ကျွန်မ အထင်ကတော့ ပိုက်ဆံထက်တောင် မေတ္တာက ပိုအရေးပါနေမယ်လို့ ထင်မိပါတယ်..“ လို့ ရွှေရည်သိန်းတန်ရဲ့ လူမှု့ကွန်ယက်ပေါ်မှာ ရေးသားထားပါတယ်။