အလှမယ် “ယမုံ” မှတစ်ဆင့် ဆေးဖိုးဝါးခအတွက် အလှူတောင်းခံလာခဲ့တဲ့ လူကြမ်းသရုပ်ဆောင် ဦးကျောက်ရိုင်းအောင်မြတ်

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့လူကြမ်းသရုပ်ဆောင် ဦးကျောက်ရိုင်းက ပရိတ်သတ်တွေဆီကို အလှမယ်ယမုံ မှတစ်ဆင့် ဆေးဖိုးဝါးခ အလှူတောင်းခံလာတဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။

အလှမယ်ယမုံကလဲ “သရုပ်ဆောင် အဘ ဦးကျောက်ရိုင်းကိုချစ်တဲ့သူတွေရေ… အဘ ဦးကျောက်ရိုင်းအတွက် အကူညီလာတောင်းထားကြလို့ ဒီနေ့အဘနဲ့ သွားတွေ့ဖြစ်ပါတယ်.. အဘ တော်တော်လေး စိတ်ဓာတ်တွေကျနေလို့

စကားတွေအကြာကြီး ထိုင်ပြောခဲ့ပါတယ်… ရိုးရိုး သွေးတိုးရာကနေ ဆရာဝန် ဆေးမှားလို့ လွန်ခဲ့တဲ့ (၆) နှစ်က စပီး လေဖြတ်သွားခဲ့တာပါ… လေဖြတ်တာ ၆၀% သက်သာသလောက်နီးပါး ဖြစ်ပေမယ့် အကြောတွေ အလုပ်မလုပ်တဲ့အပြင်

အနာနဲ့ ဆေးမတည့်ပဲ ငွေတွေပဲ ကုန်နေလို့ အဘတို့မိသားစုလဲ စိတ်ညစ်နေကြပါတယ်… ယမုံကတော့ အဘ ကြွက်သားတွေ ပြန်အလုပ်လုပ်ဖို့အတွက်ရော အဘအတွက်ဆေးဖိုးရော

အကုန်ကူညီပေးဖို့ ပြောခဲ့တဲ့အပြင် Camera ရှေ့ရောက်ရင်ရောဂါတစ်ဝက် သက်သာတယ် ဆိုတဲ့ အဘအတွက် ကြော်ညာလေး ရှာပေးမယ် ပြောခဲ့တယ်… အဘက နေတာဝေးတော့ မြို့ထဲ တစ်ခါသွားရင် taxi ခက

(၅၀၀၀၀) လောက်ကုန်ပါတယ်… အဘကို ဆေးကုပေးဖို့ရယ် ဆေးဖိုးဝါးခရယ် အထွေထွေ ကုန်ကျစရိတ်လေးတွေကို အလှူခံပါရစေနော်… Share ပေးပီးလဲကူညီကြပါဦး….” ဆိုပြီးတော့ သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသား ဖော်ပြထားပါတယ်နော်။