အလုပ်မှာ ဘယ်လောက်ပဲ ပင်ပန်းပါစေ အိမ်ပြန်ရောက်လို့ သမီးလေးမျက်နှာကို မြင်လိုက်ရင် အမောတွေအကုန်ပြေတယ် ဆိုတဲ့ ဘေဘီမောင်

အဆိုတော် သားဂန်းနဲ့ သရုပ်ဆောင် ဘေဘီမောင်ကတော့ လက်ထပ်ခဲ့ပြီး အခုဆိုရင် သမီးလေးတစ်ယောက်ကို ပိုင်ဆိုင်ရရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဘေဘီမောင်ဟာ သမီးလေးကိုလည်း

အကောင်းဆုံး ပြုစုစောင့်ရှောက်နေသလို သူမလုပ်စရာရှိတဲ့ အလုပ်တွေကိုလည်း ပြန်လည် လုပ်ကိုင်နေပြီပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဘေဘီမောင်ဟာ ဇာတ်ကားတွေ

မရိုက်ကူးဖြစ်ပဲ အွန်လိုင်း Live Sale တွေကိုသာ ရောင်းချပေးနေလျက်ရှိတာပဲ ဖြစ်ပါတယ်။ တစ်နေကုန် အလုပ်တွေလုပ်ပြီး ပင်ပန်းပေမယ့် ဘေဘီမောင်က ဘယ်လောက်ပဲ

ပင်ပန်းပင်ပန်း သမီးလေး မျက်နှာမြင်ရင်တော့ အေးချမ်းရကြောင်း “မေမေ့သမီးလေး မျက်နှာလေးကြည့်ပြီး အမောဖြေ.. ချစ်သောလေးတို့ ကောင်းသောညလေးပါ… ” ဆိုပြီး

သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပြောလာခဲ့ပါတယ်။ ဘေဘီမောင်ကတော့ မိခင်တစ်ယောက်ပီပီ အလုပ်တွေ ဘယ်လောက်များများ သမီးလေးမျက်နှာ မြင်လိုက်ရရင်

တစ်နေကုန် ပင်ပန်းသမျှ အမောတွေ ပြေသွားရတယ်လို့ ဆိုလာတာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ဘေဘီမောင်တို့ သားအမိနှစ်ယောက်ရဲ့ ပုံရိပ်လေးကိုကြည့်ပြီး ကြည်နူးမှုတွေ ကူးစက်သွားမယ် ထင်ပါတယ်နော်။