အလုပ်တွေဘဲ အရမ်းဖိလုပ်နေပြီး ဓာတ်ပုံရိုက်ဖို့တောင် သိပ်အချိန်မပေးနိုင်တဲ့ သူမရဲ့ယောင်္ကျားအကြောင်း ရင်ဖွင့်လာတဲ့ ခင်လေးနွယ်

တိုင်းရင်းသူလေး တစ်ယောက်ပီပီ သရုပ်ဆောင် မင်းသမီးချောလေး ခင်လေးနွယ်ကတော့ ဖြူစင်တဲ့မျက်နှာလေးနဲ့ အရမ်းကို ချစ်စရာကောင်းတာမို့ ပရိတ်သတ်တွေရဲ့ အားပေးမှုကို ရရှိထားသူတစ်ယောက်ပဲ ဖြစ်ပါတယ်။

ခင်လေးနွယ်ဟာ သူမရဲ့အနုပညာသက်တမ်းတစ်လျှောက် ဇာတ်ကားတွေကိုပဲ ရိုက်ကူးခဲ့တာမို့ အချစ်ရေးနဲ့ပတ်သက်ပြီး မစဉ်းစားနိုင်ခဲ့ရာမှ အသက် လေးဆယ်နားနီးမှ အိမ်ထောင်ပြုခဲ့တာပဲ ဖြစ်ပါတယ်။

ခင်လေးနွယ်ဟာ အိမ်ထောင်ကျခဲ့တာ သုံးနှစ်ကျော် လေးနှစ်နီးပါး ရှိခဲ့ပြီဖြစ်ပေမယ့် သူမတို့ ဇနီးမောင်နှံရဲ့ စုံတွဲဓာတ်ပုံတွေကို ချပြတာ နည်းလှပါတယ်။ ခင်လေးနွယ်ဟာ သူမတို့ဇနီးမောင်နှံရဲ့ ဓာတ်ပုံတွေကို

ချပြခြင်းမရှိတာဟာ သူမရဲ့ခင်ပွန်းအနေနဲ့ အလုပ်များသူ ဖြစ်ပြီး ဓာတ်ပုံရိုက်တာကိုလည်း ဝါသနာမပါတာကြောင့် ဓာတ်ပုံမရိုက်ဖြစ်ကြောင်း “အလုပ်ကြီးပဲ အမြဲလုပ်နေတဲ့ သူကြီးနဲ့… ရှားရှားပါးပါး ပုံလေး”

ဆိုပြီး သူမတို့ ဇနီးမောင်နှံရဲ့ ရှားရှားပါးပါးပုံလေးကို ပြသလာပါတယ်။ ခင်လေးနွယ်ကတော့ ခင်ပွန်းနဲ့ စုံတွဲဓာတ်ပုံတွေကို လူမှုကွန်ယက်စာမျက်နှာပေါ် တင်လေ့မရှိဘူး ဆိုပေမယ့် သူမတို့နှစ်ယောက်ရဲ့

ဆက်ဆံရေးကတော့ အေးအေးဆေးဆေး ရှိနေဆဲပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ခင်လေးနွယ်တို့ ဇနီးမောင်နှံရဲ့ ရှားရှားပါးပါးပုံလေးကိုကြည့်ပြီး သဘောကျကြမယ် ထင်ပါတယ်နော်။