အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေ နဲ့အတူ မင်းသမီးကြီး မေသန်းနုကတော့ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။
နှစ်ပေါင်းများစွာ အားပေးချစ်ခင်လာခဲ့တဲ့ ဝါရင့်မင်းသမီးတစ်ယောက် ဖြစ်တဲ့ သရုပ်ဆောင် မေသန်းနုကတော့ မကြာသေးမီကာလကမှ တရားရင်ဆိုင်ခဲ့ရပြီး ပရိတ်သတ်တွေအားလုံးက စိုးရိမ်ပူပန်ပေးခဲ့ကြပါတယ်။
ဒါပေမယ့် အမှုကနေ ပြန်လည်လွတ်မြောက်ခဲ့တဲ့အတွက် ပရိတ်သတ်တွေရော မိသားစုပါ ထပ်တူ ဝမ်းသာပျော်ရွှင်ခဲ့ရတာပါ။ အခုတစ်ခါမှာ ဆိုရင် မင်းသမီးကြီး မေသန်းနုက အသက်ရလာပေမယ့် လှနေဖို့ မျက်နှာခွဲစိပ်ပြုပြင်လိုက်တဲ့
အကြောင်းကို အခုလိုပဲ ပြောပြလာခဲ့ပါတယ်နော်။ မင်းသမီးကြီး မေသန်းနုက “မင်းသမီး ဆိုတော့ အသက်ကြီးလာလည်း လှနေဖို့ လိုအပ်လို့ မျက်ရစ်အပေါ် မှာ အိကျနေတဲ့ အရည်တွေကို ထုတ်ဖြစ်ခဲ့တယ်..
ပရိတ်သတ် မှတ်မိနေတဲ့ မျက်နှာအနေအထား ဖြစ်တဲ့အတွက် အရမ်းကြီး ပြုပြင် ပြောင်းလဲလိုက်လို့ မရဘူး… ကာကွယ်တဲ့ အနေနဲ့ပဲ မျက်နှာပြုပြင်လို့ ရတယ်.. နှာခေါင်း ထပ်ချွန်တာ၊ မေးစေ့ ထပ်ချွန်တာမျိုးတော့ ထပ်မလုပ်ပါဘူး..” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။