အလကားနေရင်း လိုက်ပြီး မနာလိုဖြစ်နေသူတွေကို “ငယ်ငယ်ကလိုလဲ လက်မသွက်ချင်ဘူး” ဟု ဒဲ့ ပြောလိုက်တဲ့ ကြော်ငြာဘုရင်မကြီး ထက်ထက်မိုးဦး

ပရိတ်သတ်ကြီးရေ မင်းသမီးကြီး ထက်ထက်မိုးဦးဟာ ဆိုရင် ထိပ်တန်းကြယ်တစ်ပွင့်ပဲ ဖြစ်ပါတယ်နော်။ သူမကို ခုချိန်ထိချစ်ခင်နေတဲ့ ပရိတ်သတ်တွေလည်း အမြောက်အများ

ရှိနေသေးပါတယ်နော်။ အနုပညာလောကမှာ ခုချိန်ထိအောင်မြင်မှုတွေ ပိုင်ဆိုင်ထားနိုင်တဲ့ သူမကို မနာလိုဖြစ်နေသူအကြောင်း ခုလို ပြောပြလာခဲ့ပါတယ်။ ထက်ထက်မိုးဦးက “မျက်စိမှိတ် နားပိတ် သည်းခံပါတယ်။

ရင်ထဲမှာ ခံစားရတာကို ကိုယ့်ကိုချစ်တဲ့ သူတွေက တူတူခံစား နားလည်ပေးမယ်ဆိုတာ ယုံကြည်ပါတယ်။ အလကားနေရင်း မနာလိုခံရတာကိုလည်း ရယ်လည်းရယ်ချင်သလို ငိုလည်းငိုချင်ပါတယ်။ မနာလို စပ်စပ်ခါ မဖြစ်ကြပါနဲ့လို့။

ကိုယ်လဲ ကိုယ့်ဘာသာ ရုန်းကန်ကြိုးစားရတာ တစ်ယောက်တည်း ဒီနေရာကို လွယ်လွယ်ရတယ် မထင်ပါနဲ့။ လွယ်တယ်ထင်ရင် လုပ်ကြည့်ပါ။ ကိုယ့်လို ဖြစ်မလားလို့😏 အသက်ကြီးပြီ အေးအေးဆေးဆေး နေနေတာ..

ငယ်ငယ်ကလိုလဲ လက်မသွက်ချင်ဘူး ကြည့်နေတာနော်😉” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ရင်ဖွင့်လာပါတယ်။ ထက်ထက်မိုးဦး ကတော့ သူမအခုရောက်ရှိနေတဲ့ နေရာကိုရောက်အောင် လွယ်လွယ်ကြိုးစားခဲ့ရတာ

မဟုတ်သလို သူမလိုဖြစ်ချင်ပြီး မနာလိုဝန်တိုသူတွေ ရှိနေတဲ့အကြောင်းကို ပွင့်ပွင့်လင်းလင်း ပြောပြပေးလာခဲ့တာပဲ ဖြစ်ပါတယ်နော်။