အရှေ့မှာ ရင်းနေရတာ အသက်တွေ မို့လို့ ကျေးဇူးပြုပြီး မလိုအပ်တဲ့ သတင်းတွေကို အာသီးမယောင်ဖို့ မေတ္တာရပ်ခံလာတဲ့ မူးလာ

ပရိတ်သတ်ကြီးရေ ဆံပင်ရှည်ရှည် မျက်နှာချိုချိုလေးကို ပိုင်ဆိုင်ထားတဲ့ ကရင်တိုင်းရင်းသား အဆိုတော်တစ်ဦး ဖြစ်တဲ့ စောခရစ်မူးလာ ကိုတော့ ချစ်တဲ့ ပရိတ်သတ်တိုင်း သိကြလိမ့်မယ် ထင်ပါတယ်။

သူကတော့ Myanmar Idol သီချင်းဆိုပြိုင်ပွဲမှာ ဝင်ရောက်ယှဥ်ပြိုင်ရင်း ပရိတ်သတ်ပေါင်းများစွာကို ပိုင်ဆိုင်ခဲ့သူတစ်ဦးလဲ ဖြစ်ပါတယ်။ သီချင်း အဆိုကောင်းတဲ့ မူးလာဟာ အမှန်တရားကိုလဲ ချစ်မြတ်နိုးသူ ဖြစ်တာကြောင့်

အမှန်တရားအတွက် တိုက်ပွဲဝင်ဖို့ လက်ရှိမှာတော့ လွတ်မြောက်နယ်မြေကို ရောက်ရှိနေပါတယ်။ အဆိုတော် မူးလာဟာ မိသားစုနဲ့ဝေးကွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လွတ်မြောက်နယ်မြေမှာ တာဝန်ထမ်းဆောင်နေတာပဲ ဖြစ်ပါတယ်။

လက်ရှိမှာ မူးလာဟာ ‌ပြည်သူ့ရဲဘော်တွေနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရှေ့တန်းစစ်မြေပြင်ကို ရောက်ရှိနေပြီး တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မနက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ ကော့ကရိတ်က မြို့သိမ်းတိုက်ပွဲနဲ့ ပတ်သက်တဲ့

လုံခြုံရေးကို ထိခိုက်စေမယ့် ဓာတ်ပုံတွေကို မတင်ကြဖို့ တောင်းဆိုလိုက်ပါတယ်။ ”အခြေအနေ မတည်ငြိမ်သေးသ၍ မလိုအပ်သော ဓာတ်ပုံများနဲ့ မလုံခြုံစေသော သတင်းများအား ကျေးဇူးပြု၍ မတင်ကြပါနဲ့ဦး…

အသက်နဲ့ ရင်းရတာမို့ အာမချောင်ကြပါနဲ့တော့…” လို့ မူးလာရဲ့ လူမှု့ကွန်ယက်ပေါ်မှာ မေတ္တာရပ်ခံထားတာကို တွေ့ရပါတယ်။ ကော့ကရိတ်မှာ တိုက်ပွဲတွေ ဖြစ်ပေါ်နေတာကြောင့် မူးလာကိုချစ်တဲ့

သူ့ရဲ့ချစ်ပရိသတ်တွေက စိတ်ပူနေကြတာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးရေ မူးလာ တောင်းဆိုထားတဲ့အတိုင်း တိုက်ပွဲသတင်းတွေကို မတင်ကြဖို့ လိုအပ်ပါတယ်နော်။ အားလုံးပဲ ဘေးကင်းကြပါစေ။ တရားသောစစ် နိုင်ရမည်။

စစ်ဘေးရှောင် ပြည်သူများအားလုံးလဲ ဘေးကင်းပြီးအသက်အန္တရာယ် ကင်းဝေးကြပါစေနော်။ ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးလဲ သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။