အရမ်းနှစ်ကြိုက် အားပေးခဲ့ရတဲ့ မင်းသားကြီး ဦးကျော်သူနဲ့ ငယ်ဘဝက အမှတ်တရအဖြစ်လေးကို ပြောပြလာတဲ့ သရုပ်ဆောင် ခိုင်သင်းကြည်

စကားပြောပွင့်လင်းတဲ့ ဟန်ပန်အမူအရာတွေကြောင့် ခိုင်သင်းကြည်ကတော့ ပရိတ်သတ်တွေသာမက အနုပညာရှင် မောင်နှမတွေကပါ ချစ်ခင်လေးစားခြင်းခံရတဲ့

မင်းသမီးတစ်ဦးပဲ ဖြစ်ပါတယ်။ လက်ရှိမှာလည်း အနုပညာလောကမှာ ပရိတ်သတ်တွေ အကြိုက်တွေ့နေဆဲ ဖြစ်တဲ့ အကယ်ဒမီနှစ်ဆုရှင် ဝါရင့်မင်းသမီးတစ်လက်ပဲ ဖြစ်ပါတယ်။

သရုပ်ဆောင် ခိုင်သင်းကြည်ကတော့ အမိုက်စား သရုပ်ဆောင်ကွက်တွေနဲ့အတူ အမျိုးမျိုးသော ဇာတ်ကောင်တွေမှာ မတူညီတဲ့ သရုပ်ဆောင်မှုများနဲ့ အကောင်းဆုံး

သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ သရုပ်ဆောင် ခိုင်သင်းကြည်က “ကိုယ်အရမ်း ကြိုက်ခဲ့ရတဲ့

မင်းသားက ဦးကျော်သူ ပါ… အရမ်းသာ ကြိုက်ခဲ့ရပေမယ့် ကိုယ်နဲ့ တွဲပြီးတောင် ကား မရိုက်ဖူးခဲ့လိုက်ဘူး… အရမ်းကြိုက်ရတဲ့ မင်းသား ရဲ့ Special ပြက္ခဒိန် မှာ

ဓာတ်ပုံရိုက်ဖို့ ပါဝင်ခွင့်ရတုန်းက ဖေဖေ ခွင့်မပြုလို့ ငိုခဲ့ရသေးတယ်…” ဆိုပြီးတော့ ဦးကျော်သူရဲ့ အမာခံ ပရိသတ်ပါ လို့ ပြောပြလာခဲ့ပါတယ်နော်။