ခွန်းနေကြည်ချိုကတော့ ထူးခြားတဲ့ မျက်နှာလေးနဲ့ စွဲဆောင်မှုရှိရှိ လှပသူလေး သရုပ်ဆောင်တစ်ယောက် အဖြစ် ကျင်လည်နေတာ နှစ်အနည်းငယ်ရှိနေပြီပဲ ဖြစ်ပါတယ်။
အနုပညာအလုပ် လုပ်ကိုင်တာကြာခဲ့ပြီ ဖြစ်ပေမယ့် “ဝိပါက” ဇာတ်လမ်းတွဲမှာမှ ပရိသတ်အားပေးမှုကို အများအပြား ရရှိခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ ခွန်းနေကြည်ချိုဟာ
အခုဆိုရင် အနုပညာအလုပ်တွေကို မအားမလပ်အောင် လုပ်ကိုင်နေရပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ခွန်းနေကြည်ချိုဟာ “ဝိပါက ” ဇာတ်လမ်းရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို
ပြသလာပါတယ်။ ခွန်းနေကြည်ချိုက ရိုက်ကွင်းပေါ်က အမှတ်တရပုံရိပ်တွေကို ပြသရင်း မင်းသား သုတအောင်နဲ့ ပုံမှာ “နောက်ကျောမလုံလို့ လှည့်မကြည့်လိုက်နဲ့
စနောက်ဖို့ ရောက်နေပြီးသား…” ဆိုပြီး သုတအောင်ဟာ ရိုက်ကွင်းပေါ်မှာ အားလုံးကို စနောက်တတ်ကြောင်း ပြောပြလာပါတယ်။ “ဝိပါက” ဇာတ်လမ်းတွဲကတော့
ဇာတ်သိမ်းသွားခဲ့ပြီ ဆိုပေမယ့် ဒီနေ့ဒီအချိန်ထိ ပရိတ်သတ်တွေရဲ့ ရင်ထဲမှာ စွဲကျန်ရစ်နေဆဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း
ခွန်းနေကြည်ချိုရဲ့ ပုံလေးတွေကို ကြည့်ပြီး “ဝိပါက ” ဇာတ်လမ်းထဲက မိခိုင်နဲ့ တေဇာတို့ကို သတိရသွားကြမယ် ထင်ပါတယ်နော်။