အရမ်းချစ်ရတဲ့ ချစ်သူလေးရှိပြီ ဖြစ်ကြောင်း ဓာတ်ပုံလေး ထုတ်ပြရင်း အဖြစ်ရှိပြီလို့ ပရိတ်သတ်ကြီးကို ကြွားလာတဲ့ အေးမြတ်သူ

မင်းသမီးချော အေးမြတ်သူကတော့ ပါးပြင်မှာ ပါးချိုင့်လေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ မော်ဒယ်လ် တစ်ယောက်အဖြစ်ကနေ အခုဆိုရင် အကယ်ဒမီဆုရှင် မင်းသမီးတစ်ယောက် ဖြစ်လို့နေပြီပဲ ဖြစ်ပါတယ်။

အောင်မြင်တဲ့ အနုပညာလမ်းကြောင်းပေါ် ရောက်ရှိနေပြီ ဖြစ်တဲ့ အေးမြတ်သူဟာ အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေလျက် ရှိပြီး သူမရဲ့ ကိုယ်ပိုင်အမှတ်တံဆိပ်နဲ့ မြန်မာအမျိုးသမီးဝတ်စုံတွေကို

ထုတ်လုပ်ရောင်းချဖို့ကိုလည်း စီစဉ်နေလျက်ရှိတာပဲ ဖြစ်ပါတယ်။ အေးမြတ်သူကတော့ အခုဆိုရင် အသက် (၃၆) နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်ပြီး အိမ်ထောင်ပြုဖို့ကိစ္စကိုတော့ ပရိတ်သတ်တွေကို အသိပေးခြင်း မရှိပါဘူး။

ဒါပေမယ့် ဒီကနေ့မှာတော့ အေးမြတ်သူက အမျိုးသားတစ်ယောက်နဲ့ လက်ချင်းယှဉ်တွဲထားတဲ့ ဓာတ်ပုံနဲ့ “မင်း လက်ခလေး ကိုင်ချင်လို့” ဆိုပြီး ပရိသတ်တွေကို အံ့သြစေခဲ့တာပဲ ဖြစ်ပါတယ်။ အေးမြတ်သူကတော့

ချစ်သူရှိတယ်ဆိုတာ ပရိသတ်တွေကို အသိပေးထားပြီးခဲ့သား ဆိုပေမယ့် သူမတို့ စုံတွဲပုံတွေကိုတော့ ရံဖန်ရံခါမှာ ချပြတတ်တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း အေးမြတ်သူတို့ စုံတွဲပုံလေးကို ကြည့်ပြီး အားကျနေကြမယ် ထင်ပါတယ်နော်။