အမ ခိုင်နှင်းဝေရဲ့ ဂေဟာမှာ အမာခံပရိသတ် Honey Ko Ko အဖွဲ့တွေ နဲ့အတူတူ မွေးနေ့အလှူလေး ပြုလုပ်ခဲ့တဲ့ သရုပ်ဆောင် မေမီကိုကို

ပရိတ်သတ်ကြီးရေ ဒီနေ့ နိုဝင်ဘာလ (၂၆) ရက်နေ့လေးကတော့ ပရိတ်သတ်တွေရဲ့ အချစ်တော်ဖြစ်တဲ့ သရုပ်ဆောင် မင်းသမီးချောလေး မေမီကိုကိုရဲ့ မွေးနေ့ ကျရောက်တဲ့

နေ့ရက်လေးပဲ ဖြစ်ပါတယ်။ ဒီနေ့ မွေးနေ့ရက်မြတ်လေးမှာတော့ မေမီကိုကိုက အသက် (၃၀) တိတိ ပြည့်သွားခဲ့တာပဲ ဖြစ်ပါတယ်။ မေမီကိုကိုကတော့ သူ့ရဲ့ဒီနေ့မှာ ကျရောက်တဲ့

မွေးနေ့လေးအတွက်ကို မနေ့ကသူ့ရဲ့ အမာခံ ပရိတ်သတ်တွေနဲ့အတူ ခိုင်နှင်းဝေရဲ့ ရင်သွေးလေးများဂေဟာမှာ အလှူသွားရောက်ပြုလုပ်ခဲ့တယ်လို့ သိရှိရပါတယ်။

မေမီကိုကိုကလည်း အမာခံဖန်လေးတွေနဲ့ အလှူသွားလုပ်ခဲ့ရတဲ့အတွက် ပျော်ရွှင်ကြောင်း “မွေးနေ့လေးအတွက် Honey KoKo Group က စီစဉ်ပေး ဖြစ်တဲ့

မွေးနေ့အကြို အလှူလေးပါရှင့်… Honey KoKo တဖွဲ့လုံးကို ကျေးဇူးအထူးတင်ပါတယ် အချစ်တို့ရေ… ပိုပြီးလည်း ချစ်ရပါတယ်..” ဆိုပြီး ကျေးဇူးတင်ကာ

ကျေနပ်ပီတိ ဖြစ်ခဲ့ရကြောင်း ရေးသားထားခဲ့ပါတယ်။ ပရိတ်သတ်ကြီးရေ မေမီရဲ့ အမာခံ ဖန်လေးတွေကတော့ တကယ့်ကို ချစ်ဖို့ ကောင်းလွန်းလှပါပေတယ်နော်။