“အမွေဆိုတာ ထိုက်မှ ရတာပါ” လို့ ပြောလာတဲ့ မင်းသမီးကြီး နန္ဒာလှိုင်

အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေ နဲ့အတူ မင်းသမီးကြီး နန္ဒာလှိုင်ကတော့ ကျရာဇာတ်ကောင်တွေမှာ အကောင်းဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့ အားပေးမှုကို အပြည့်အဝ ရရှိထားပါတယ်နော်။

မင်းသမီးချော နန္ဒာလှိုင်ကတော့ လက်ရှိအချိန်မှာ အနုပညာအလုပ်တွေ မလုပ်ဖြစ်တော့ဘဲ မိသားစုကိုပဲ အချိန်ပေးပြီး ပျော်ရွှင်တဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားသူ တစ်ယောက်ပါ။ လိုလေသေးမရှိ ဖြည့်ဆည်းပေးတတ်တဲ့

ခင်ပွန်းကောင်းနှင့် ချစ်စရာ သမီးလေး သုံးယောက်တို့နဲ့အတူ ဘဝကို အေးချမ်းပျော်ရွှင်စွာ လျှောက်လှမ်းနေသူလည်း ဖြစ်ပါတယ်။ အခုတစ်ခါမှာ ဆိုရင် မင်းသမီးကြီး နန္ဒာလှိုင်က “ချမ်းသာတဲ့သူကို ယူထားတယ် လို့

မပြောပါနဲ့… အမွေဆိုတာ ထိုက်မှ ရတာပါ…” ဆိုပြီး အခုလိုပဲ ပြောလာခဲ့ပါတယ်နော်။ မင်းသမီးကြီး နန္ဒာလှိုင်က “ချမ်းသာတဲ့သူကို ယူထားတယ် လို့တော့ မပြောကြပါနဲ့… လူက ကိုယ့်ကုသိုလ်ကံနဲ့ သူပဲလေ… ကျမနဲ့ ထိုက်လို့ ကျမရတာ…

ကျမနဲ့ ထိုက်တန်လို့ အမွေရတာပေါ့… မထိုက်တဲ့သူကို ပေးကြည့်ပါလား မရဘူးလေ…. ဟုတ်တယ်မလား.. အာ့တာကြောင့် အမွေဆိုတာကလဲ ထိုက်မှ ရတာပေါ့…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။