ဝတ်မှုန်ရွှေရည် ကတော့ ပရိတ်သတ်က လက်ခံအားပေးပြီးသား နာမည်ကြီး အနုပညာရှင် မင်းသမီးချောလေး ဖြစ်ပြီး သူမရဲ့ သရုပ်ဆောင် ကောင်းမှုတွေကြောင့်
အကယ်ဒမီဆုတွေကို ထိုက်ထိုက်တန်တန် ဆွတ်ခူးထားသူလေးဆိုလည်း မမှားပါဘူး။ အေးချမ်းတဲ့အလှကို ပိုင်ဆိုင်ထားလို့ မြင်ရသူတိုင်း ရင်အေးစေတဲ့
အလှပိုင်ရှင်လေးပါပဲနော်။ ဖက်ရှင်ပိုင်းမှာလည်း ပရိတ်သတ်တွေ အမြင်မရိုင်းအောင် ဝတ်ဆင်တတ်သူမို့လည်း ပရိတ်သတ်တွေက အချစ်ပိုနေရတာပါ။ ဝတ်ဆင်တဲ့ ဖက်ရှင်တိုင်းကလည်း
ခေတ်နဲ့အညီ မိမိုက်လွန်းတာကြောင့် ဖက်ရှင်ဘုရင်မ လို့တောင်တင်စားကြတာပါ။ သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း ဖော်ပြပေးလေ့ ရှိတာကိုလည်း တွေ့ရပါတယ်။
အခုမှာလည်း အပြစ်ဆိုစရာ မရှိတဲ့ အလှတရားတွေနဲ့ အသည်းယားစရာ ပို့စ်လေးတွေ ပေးကာ ရိုက်ထားတဲ့ ပုံလေးတွေကို ဝေမျှလာပါတယ်။ ပုံလေးတွေတိုင်းက ချစ်စရာကောင်းလွန်းလို့ ပြန်လည် ဝေမျှပေးလိုက်ပါတယ်နော်။