အဖေနဲ့ အမေကို ရန်ကုန်ရောက်တုန်း စိန်ဧကရီစိန်ဆိုင်မှ လက်ဆောင်ရတဲ့ ရွှေကလစ်နဲ့ အနုပညာကြေးလေးတွေ ထပ်မံ ကန်တော့လိုက်တဲ့ သရုပ်ဆောင် သုတအောင်

မင်္ဂလာပါ ပရိသတ်ကြီးရေ ဇာတ်လမ်းတွဲ မင်းသားချောတစ်ဦး ဖြစ်တဲ့ သရုပ်ဆောင် သုတအောင်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသားချော တစ်ယောက်ပဲ ဖြစ်ပါတယ်နော်။ သုတအောင်ဟာ ဆိုရင် “မမှီဝဲနဲ့ ကင်းအောင်နေ” ဇာတ်လမ်းတွဲမှာလည်း

ပီပြင်စွာ သရုပ်ဆောင်နိုင်ခဲ့သလို လတ်တလောမှာ ထုတ်လွှင့်ပြသနေဆဲ ဖြစ်တဲ့ ပရိတ်သတ်တွေ အားပေးကြမ်းနေကြတဲ့ “ဝိပါက” ဇာတ်လမ်းတွဲကြီးမှာလည်း ခေါင်းဆောင်မင်းသား အဖြစ် “တေဇာ” ဇာတ်ရုပ်ကို ပီပြင်ပိုင်နိုင်စွာ ပုံဖော်နိုင်ခဲ့သောကြောင့်

ပရိတ်သတ်တွေ ဝန်းရံအားပေးမှုကို ရရှိပိုင်ဆိုင် လာနေသော တက်သစ်စ သရုပ်ဆောင်မင်းသားချောတစ်လက် ဖြစ်ပါတယ်။ သာမာန်လူတန်းစားတစ်ရပ် ဖြစ်သော အောက်ခြေဘဝကနေ တက်လာသူ သုတအောင်ဟာ အလုပ်မျိုးစုံကိုလည်း လုပ်ကိုင်ခဲ့ရသူ ဖြစ်သဖြင့်

အောက်သက်ကျေကာ ကြိုးစားအားထုတ်မှု ကောင်းသူတစ်ယောက် ဖြစ်ပြီး မိဘအပေါ် သိတတ်လိမ္မာလွန်းတဲ့ သားလိမ္မာ တစ်ယောက်လည်း ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ဇာတ်လမ်းတွဲ ရိုက်ကူးရာကနေ ရရှိခဲ့တဲ့ အနုပညာကြေးတွေကို

မိဘတွေကို ကန်တော့ခဲ့တာ ပရိသတ်တွေလည်း သိရှိပြီးသား ဖြစ်မှာပါနော်။ လိမ္မာလှတဲ့ သုတအောင်ကတော့ အခုတစ်ခေါက်မှာ အနုပညာကြေးအဖြစ် ထပ်မံရရှိတဲ့ ငွေကြေးတွေနဲ့ မိဘနှစ်ပါးကို ထပ်မံကန်တော့ခဲ့တာကို တွေ့မြင်ရပါတယ်။ ဒီတစ်ခေါက်မှာတော့ သုတအောင်က

သူရရှိလာသော အနုပညာကြေးတွေ အပြင် သူ့အတွက် လက်ဆောင်အဖြစ် ပေးခဲ့တဲ့ ရွှေကလစ်ကိုလည်း မိဘနှစ်ပါးကို ကန်တော့ ပေးအပ်ခဲ့တာကို တွေ့မြင်ရပါတယ်နော်။ “မနေ့ညက စိန်ဧကရီ စိန်ဆိုင်ကနေ ကျွန်တော့်ကို surprise တိုက်ခံလိုက်ရတဲ့ ရွှေကလစ်လေးတွေရယ်

ကျွန်တော် ထပ်ရထားသော အနုပညာကြေးလေးတွေထဲကရယ် အဖေနဲ့အမေ ရန်ကုန်ရောက်လာတုန်း နိုင်သလောက်လေး ကန်တော့နိုင်ခဲ့ပြန်ပါပီခင်ဗျာ.🙏🙏🙏 စိန်ဧကရီမှ မမကြီး နဲ့ မမငယ် တို့ကို ကျေးဇူးတင်ပါတယ်ခင်ဗျာ…..🙏🙏🙏” ဟု ပြောလာခဲ့ပါတယ်နော်။

ပရိတ်သတ်ကြီးရေ သုတအောင် ကတော့ မိဘအပေါ်မှာ တကယ်ကို သိတတ်လိမ္မာတဲ့ သားလိမ္မာလေး တစ်ယောက်ပါပဲနော်။ ဒီလို ကြိုးစားအားထုတ်မှု ကောင်းပြီး သရုပ်ဆောင်လည်း ပီပြင်သလို မိဘတွေအပေါ်လည်း သိတတ်လွန်းသော သရုပ်ဆောင်

မင်းသားချော သုတအောင်တစ်ယောက် လျှောက်လှမ်းလျှက်ရှိသော အနုပညာခရီးမှာ ယခုထက်ပိုမို အောင်မြင်စေဖို့ မေတ္တာစကားများဆိုကာ ဆုတောင်း ဝန်းရံပေးခဲ့ ကြပါအုံးနော်။