အဖိုး၊ အဖွား ဖြစ်သူတို့ရဲ့ မုန့်စိမ်းကြော်ဆိုင်လေးတွင် တတ်နိုင်သလောက် ကူညီပြီး စားပွဲထိုး ဝင်လုပ်ပေးနေရှာသည့် သိတတ်လိမ္မာလွန်းတဲ့ အသက် (၄) နှစ် အရွယ် မြေးလေး

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် နေထိုင်သော အသက် (၄) နှစ်အရွယ် ကောင်လေးတစ်ဦးသည် ငယ်ရွယ်စဥ်တည်းက မိဘနှစ်ပါးရဲ့ စွန့်ပစ်ခြင်းကို ခံရကာ အဖိုးအဖွားဖြစ်သူရဲ့ လက်ပေါ်တွင်

ကြီးပြင်းလာခဲ့သည်။ ကောင်လေးသည် မိဘ မေတ္တာအပြည့်အဝ မခံစားခဲ့ရပေမယ့် ကိုယ်တိုင်က ကြင်နာတတ်သော နှလုံးသားရှိကာ အရွယ်လေးနှင့် မလိုက်အောင် အလိုက်သိတတ်လွန်းပြီး

အသက်ကြီးပြီ ဖြစ်သည့် အဖိုးအဖွားအား စားဝတ်နေရေးအတွက် ဝင်ငွေရှာစဥ် ကူညီပေးခဲ့သည်။ ကောင်လေးသည် နေ့စဥ် အဖိုးအဖွားနဲ့ လိုက်ပါလာတတ်ပြီး ညနေသုံးနာရီက စ၍

ညဖက် (၁၀) ထိကို မုန့်စိမ်းကြော် ရောင်းချနေသော အဖိုးအဖွားကို သက်သာစေလို၍ စားပွဲထိုးလေး ဝင်လုပ်ပေးနေသော ပုံရိပ်လေးသည် မြင်တွေ့သူများအားလုံးရဲ့ ရင်ထဲကို ထိမိစေခဲ့ပြီး

ငယ်ရွယ်ပေမယ့် အဖိုး၊ အဖွားအပေါ် သိတတ်လိမ္မာမှုတို့ကြောင့် ချီးမွမ်းခဲ့ကြသည်။