အနုပညာလောကမှာ သက်တမ်း (၁၃) နှစ်ကြာ ကြိုးစားခဲ့ရပြီး ယခုအချိန် မှ အောင်မြင်မူ ရရှိခဲ့ကြောင်း ပြောလာတဲ့ သရုပ်ဆောင် သုတအောင်

ပရိတ်သတ်ကြီးရေ အခုတစ်ခါမှာ ဆိုရင်တော့ သရုပ်ဆောင် သုတအောင်က အနုပညာသက်တမ်း (၁၃) နှစ်ကြာတောင် ကြိုးစားခဲ့ရပြီး ယခုချိန်မှ အောင်မြင်မူ ရရှိခဲ့ကြောင်း

အခုလိုပဲ ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင် သုတအောင်က “ကျွန်တော့်ဘဝမှာ ကျရှုံးခဲ့တာများတယ် အကြိမ်ကြိမ်ပါပဲ.. ဒါပေမယ့် ကျရှုံးတဲ့အချိန်တိုင်း ပြန်ထခဲ့လို့

ဒီအချိန်မှာ အခုလို နလန်ထူနိုင်ခဲ့တာ.. ကျွန်တော့်ဘဝမှာ ဘဝနဲ့လည်းမရင်းခဲ့ရဘူး… နာမည်နဲ့လည်း မရင်းခဲ့ရဘူး… အချိန်နဲ့ လူပဲ ရင်းခဲ့ရတယ်… ဘာလို့လည်းဆိုတော့

ကျွန်တော့်မှာ ငွေဆိုတာ မရှိဘူး.. ဒါပေမယ့် ကျွန်တော်ကြိုးစားခဲ့တယ်… ကျွန်တော် ရန်ကုန်ရောက်တာ (၁၃) နှစ်ရှိပြီ.. ကျွန်တော် ဘယ်လောက်ပဲ ခက်ခဲနေပါစေ…

မကောင်းတဲ့သတင်းမျိုး ကျွန်တော်ခံစားရတဲ့ ပူပင်သောကတွေ စိတ်ညစ်စေတဲ့ သတင်းမျိုးတွေဆို အိမ်ကိုဘယ်တော့မှမပြောဘူး.. ကျွန်တော့်အတွက် ပျော်စရာမျိုး

မိဘကြားရင် စိတ်ချမ်းသာတဲ့ သတင်းမျိုးပဲ ပြောပြဖြစ်တယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။