အနုပညာလောကထဲ ဝင်ကာစ ဖြတ်လျှောက်ဘဝထဲက သူမအပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို​ ကျေးဇူးဆပ်ခွင့်ရခဲ့လို့ ဝမ်းသာပီတိဖြစ်နေတဲ့ သရုပ်ဆောင် နှိုင်းယှဉ်မြင့်မိုရ်

ပရိတ်သတ်ကြီးရေ နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်ပို့ဇာတ်ရံ သရုပ်ဆောင်တစ်ယောက်အနေနဲ့ ပရိတ်သတ်တွေ ချစ်ခင်ရတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ လက်ရှိမှာ Live Sale ရောင်းချပေးရာမှာ

ဘုရင်မတစ်ဆူလို အောင်မြင်မှုတွေ ရရှိနေခဲ့တာ ပရိတ်သတ်တွေလည်း သိရှိပြီးသား ဖြစ်မှာပါနော်။အနုပညာ အလုပ်တွေ ရပ်နားခဲ့ရာကနေ Live Sale ရောင်းတဲ့ အလုပ်ကို စတင်လုပ်ကိုင်ခဲ့ပေမဲ့ သူမရဲ့ မထင်မှတ်ထားလောက်တဲ့

အရည်အချင်းတွေကြောင့် Live Sale ရောင်းချပေးရာမှာ သူမတူအောင် အောင်မြင်ခဲ့တာ ဆိုရင်လည်း မမှားပါဘူးနော်။ ဒီကနေ့မှာတော့ နှိုင်းယှဉ်မြင့်မိုရ်က သူမအပေါ် ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေကို ကျေးဇူးဆပ်နိုင်ခဲ့တဲ့

အကြောင်း အခုလိုပဲ ပြောလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်က “သမီး ဖြတ်လျှောက်ဘဝမှာ ကတည်းက သမီးအပေါ်မှာ အရမ်းကောင်း အရမ်းပေးကမ်းခဲ့တဲ့ မေကြီး နဲ့ ဝိုင်းစု ကို သမီးကျေးဇူးဆပ်ခွင့်ရလို့ သမီး အရမ်း

ပီတိဖြစ်ရပါတယ်🙏🙏🙏 သမီး ကန်တော့ချင်နေမှန်း သိတော့ မမနီလာကလည်း အများကြီးလျှော့ပေးလိုက်တယ်🙏” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပီတိလေးကို မျှဝေလာပါတယ်။ နှိုင်းယှဉ်မြင့်မိုရ်ကတော့ သူမအပေါ်

အရင်ကတည်းက ကျေးဇူးရှိခဲ့ဖူးတဲ့ ဝိုင်းစုခိုင်သိန်းရဲ့မေမေအတွက် အဖိုးတန်စိန် လော့ကတ်ကြီးနဲ့ ကန်တော့ခဲ့တာပဲ ဖြစ်ပါတယ်။ ကျေးဇူးသိတတ်တဲ့ နှိုင်းယှဉ်တစ်ယောက် ဒီထက်မက အောင်မြင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။