အနုပညာလောကကို လက်ပြနှုတ်ဆက်လိုက်ပြီး အနုပညာလုပ်တုန်းက နာမည်ကိုပါ ထပ်မံ ပြောင်းလဲခဲ့တဲ့ ဟိန်းထက် (ခေါ်) မင်းသီဟကျော်

ချစ်ပရိသတ်ကြီးရေ MRTV-4 ဇာတ်လမ်းတွဲတွေမှတစ်ဆင့် အနုပညာလမ်းကြောင်းပေါ်ကို ရောက်ရှိခဲ့ပြီး နာမည်ကြီး လူသိများလာခဲ့တဲ့ မင်းသား ဟိန်းထက်ကတော့ ပျိုပျိုမေတို့ အရမ်းချစ်ရတဲ့ မင်းသားချောလေးတစ်လက်

ဖြစ်ပါတယ်။ ပွင့်လင်းချိုသာတဲ့ မျက်နှာလေးကြောင့် ပရိတ်သတ်များစွာ ရရှိခဲ့တဲ့အပြင် သရုပ်ဆောင်တဲ့ နေရာမှာလဲ အရမ်းကိုတော်လွန်းတာကြောင့် ပရိတ်သတ်များစွာ ရရှိခဲ့တာလဲ

ဖြစ်ပါတယ်။ မင်းသား ဟိန်းထက်ဟာ အမှန်တရားကို ချစ်မြတ်နိုးသူတစ်ဦး ဖြစ်ပြီး အဓမ္မကို ဓမ္မနဲ့ တွန်းလှန်နေသူတစ်ဦး ဖြစ်တာကြောင့်လဲ ပရိသတ်တွေရဲ့ ပိုမို လေးစားချစ်ခင်ခြင်းကိုလဲ ခံရပါတယ်။ ဟိန်းထက်ကတော့

“အဓမ္မကိုဓမ္မနဲ့တွန်းလှန်မယ်” ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ ပရိသတ်တွေနဲ့အတူ (၅) ပါးသီလကိုစောင့်ထိန်းခြင်း၊ ဒါန သီလ ဘာဝနာ (၃) မျိုးလုံးကျင့်ကြံအားထုတ်ခြင်းတွေနဲ့ တစ်နေ့တာ ဒါနကုသိုလ် ပြုလုပ်ခြင်းတွေကို

ဆောင်ရွက်နေတာ ဆိုရင်တော့ ရက်ပေါင်း (၅၃) ရက်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မင်းသား ဟိန်းထက်ကတော့ အနုပညာလုပ်ငန်းတွေကို မလုပ်ကိုင်တော့တဲ့အပြင် အနုပညာနာမည်ကိုပါ‌ ပြောင်းလဲလိုက်ပါတဲ့

အကြောင်းကို ပရိသတ်တွေကို အသိပေးလိုက်ပါတယ်။ “ကျနော့် facebook page name ကို ‘ဟိန်းထက်’ မှ ‘မင်းသီဟကျော်’ သို့ ပြောင်းလည်း အသုံးပြုပါမည် ဖြစ်ကြောင်း အသိပေးအပ်ပါတယ် ခင်ဗျာ.. အဓမ္မကို ဓမ္မနဲ့တွန်းလှန်မယ်”

လို့ ရေးသားထားတာကို တွေ့ရပါတယ်။ ကဲ.. ပရိသတ်ကြီးရေ မင်းသား ဟိန်းထက်ကတော့ သူ့ရဲ့နာမည်ကို ‘မင်းသီဟကျော်’ လို့ပြောင်းလဲလိုက်ပြီပဲ ဖြစ်ပါတယ်နော်။ ဒါ့အပြင် သူ့ကို ‘ကိုမင်း’ လို့ တရင်းတနှီး ခေါ်နိုင်တဲ့အကြောင်းကိုလဲ အသိပေးထားပါသေးတယ်။