အနုပညာလမ်းကြောင်းမှာ သာမက ပညာရေးမှာလဲ အမြဲ ထူးချွန်ခဲ့တဲ့ “မောင်လေး စား” သီချင်းရဲ့ မူပိုင်ရှင် အဆိုတော် လှယမင်းအိမ်

ချစ်ပရိတ်သတ်ကြီးရေ လတ်တလောမှာ ရေပန်းစားနေတဲ့ ဇာတ်လမ်းတွဲထဲက သီချင်းလေး ”မောင်လေး စား” သီချင်းရဲ့ မူပိုင်ရှင်ကတော့ လှယမင်းအိမ် ပဲ ဖြစ်ပါတယ်နော်။

လှယမင်းအိမ်ရဲ့ ထူးချွန်မှု့တွေကတော့ ကိုးရီးယားနိုင်ငံမှာ နိုင်ငံတွေအများကြီးထဲကနေ သူအနုပညာ ပရိုဂရမ်တစ်ခုအတွက် အရွေးခံရတဲ့သူတစ်ယောက် ဖြစ်ပါတယ်။ လှယမင်းအိမ်က

အနုပညာတွင် သာမက ပညာရေးဘက်မှာလဲ မိခင်ကြီးရဲ့ ဆုံးမသွင်သင်မှု့အောက်မှာ အမြဲ ပထမရအောင် ကြိုးစားသင်ယူကာ ထူးချွန်သူတစ်ယောက် ဖြစ်ကြောင်း မီဒီယာတစ်ခုမှာ

မိခင်ဖြစ်သူက ပြောလာခဲ့ပါတယ်။ “ကျွန်မက အရင်ကတော့ တက္ကသိုလ်က ဆရာမပါ… အခုကတော့ International School မှာဆရာမလုပ်နေတယ်… ကျွန်မက Single Mom ဘဝနဲ့

သားနဲ့ သမီး နှစ်ယောက်လုံးကို ပြုစုပျိုးထောင်ခဲ့တာပါ… ပညာကို အရမ်း အလေးထားတော့ သူတို့ကို ဝါသနာပါတာ လုပ်ခွင့်ပြုထားပေမယ့် ပညာရေးကိုတော့ ဦးစားပေးခိုင်းတယ်…

သမီးက ငယ်ငယ်ကတည်းက ထူးချွန်ပါတယ်… သားလေးဆိုလည်း တစ်နိုင်ငံလုံးမှာ ပဉ္စမ ရတယ်… သူ့ရဲ့ အနုပညာစန်းက ထူးဆန်းတယ်… ကိုးရီးယားကို ရောက်သွားတဲ့အချိန်မှာ

နိုင်ငံတွေ အများကြီးထဲကနေ သူအနုပညာ ပရိုဂရမ်တစ်ခုအတွက် အရွေးခံရတယ် …” ဆိုပြီး အဆိုတော် လှယမင်းအိမ်ရဲ့ မိခင်ဖြစ်သူက ပြောပြလာခဲ့ပါတယ်နော်။