အနက်ရောင် ဝတ်စုံလေးဝတ်ပြီး ဆွဲဆောင်မှုအပြည့်နဲ့ ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တဲ့ နန်းဆုရတီစိုး

ချစ်စရာကောင်းတဲ့ ရှမ်းမလေး နန်းဆုရတီစိုးကတော့ အနုပညာလောကမှာ ဆယ်စုနှစ်တစ်ခုကျော် အောင်မြင်မှုရရှိနေသူလေး တစ်ယောက်ပါပဲ။ နန်းဆုရတီစိုးးဟာ အခုဆိုရင် အသက်သုံးဆယ်ကျော် အရွယ်ရောက်ရှိနေပြီ ဆိုပေမယ့်

မပြောင်းလဲတဲ့ အလှကြောင့် ပရိတ်သတ်တွေရဲ့ ချစ်ခင်မှုကို မလျော့စတမ်း ရရှိနေပြီး အနုပညာအလုပ်တွေကိုလည်း ဆက်တိုက် ဆိုသလို လုပ်ကိုင်နေရဆဲပဲ ဖြစ်ပါတယ်။ ကိုယ်တိုင်က အိမ်ထောင်ပြုသင့်တဲ့ အရွယ်တစ်ခုကို

ရောက်ရှိနေပြီဖြစ်တဲ့ နန်းဆုရတီစိုးဟာ သူမအနေနဲ့ လက်ထပ်မယ့်ကိစ္စကိုတော့မတွေးသေးပဲ ခင်မင်သူတွေရဲ့ မင်္ဂလာပွဲတွေကိုသာ တက်ရောက်ချီးမြှင့်ပေးဖြစ်နေတာပဲ ဖြစ်ပါတယ်။ မနေ့က ဒီဇင်ဘာလ (၁၁) ရက်နေ့မှာလည်း

နန်းဆုရတီစိုးက အဆိုတော် ကျော်ထွဋ်ဆွေနဲ့ သရုပ်ဆောင် နန်းသူဇာတို့ရဲ့ မင်္ဂလာပွဲကို တက်ရောက်ခဲ့တာ အခုလိုပဲ တွေ့ရပါတယ်။ နန်းဆုရတီစိုးကတော့ ဆွဲဆောင်မှုအပြည့်ရှိတဲ့ အနက်ရောင် ဝတ်စုံလေးဝတ်ပြီး ကျော်ထွဋ်ဆွေနဲ့ နန်းသူဇာ

တို့ရဲ့ မင်္ဂလာပွဲကိုတက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။ ပရိတ်သတ်ကြီးလည်း နန်းဆုရတီစိုးရဲ့ ပွဲတက်ပုံရိပ်လေးတွေကိုကြည့်ပြီး သဘောကျနှစ်ခြိုက်ကြမယ် လို့ မျှော်လင့်ပါတယ်နော်။