သရုပ်ဆောင် ဘေဘီမောင်ကတော့ အပီပြင်ဆုံး သရုပ်ဆောင်ချက်တွေ နဲ့အတူ ကျရာဇာတ်ကောင်တွေမှာ အပီပြင်ဆုံး သရုပ်ဆောင်ပြနိုင်ခဲ့တဲ့ အတွက်ကြောင့် ပရိတ်သတ်ကြီးတွေရဲ့
အားပေးမှုကို အခိုင်အမာ ရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင် သရုပ်ဆောင် ဘေဘီမောင်က အဆိုတော် သားဂန် ပွဲတွေပြန်မဆိုဖြစ်ရတဲ့ အကြောင်းကို အခုလို ပြောပြလာခဲ့ပါတယ်နော်။
သရုပ်ဆောင် ဘေဘီမောင်က “ကိုသားဂန်းမှာက သူ့ရဲ့ အဆိုတော်ဆိုတဲ့ ဂုဏ်လေးနဲ့ ပေါက်ထားတဲ့သီချင်းတွေလည်း ရှိပါတယ်… သူ့အတွက် သီချင်းတွေလည်း ဘေဘီဝယ် ပေးထားတာ
ရှိပါတယ်…. သူ့ကို လာငှားတဲ့ပွဲတွေ ရှိပေမယ့် ခေတ်ကာလအရ သူမဆိုတာပါ… ကလေးကလည်း ငယ်သေးသလို ဘေဘီကလည်း အပြင်မှာ အလုပ်တွေ ထွက်လုပ်နေတော့
ဘေဘီ ကိုယ်တိုင်က မိန်းမကို ကူညီဖို့ အကူအညီတောင်းထားတာပါ…. တချို့တွေက ကိုသားဂန်းအပေါ် အမြင်မှားနေကြတာ ရှိတယ်…” ဆိုပြီးတော့ ပြောပြလာခဲ့ပါတယ်နော်။