အဆိုတော် လွှမ်းပိုင် နဲ့ လမ်းခွဲလိုက်ပြီလို့ အသိပေးလာရင်း ပြတ်စဲရတဲ့ အကြောင်းရင်းကိုပါ ရှင်းပြလာတဲ့ Bobby Soxer

“ထက် တို့ အသိပေးကြေငြာစရာလေး ၁ ခု ရှိလို့ပါ… ထက် နဲ့ ကိုလွှမ်းပိုင်တို့ (၂) ဦး သဘောတူ လမ်းခွဲလိုက်ပြီ ဆိုတဲ့ အကြောင်းလေး ပြောပြချင်လို့ပါ.. ထွေထွေထူးထူး ပြဿနာမျိုးတွေထက် ဘဝရဲ့ ဦးစားပေးရတဲ့အရာတွေ

ရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေ မတူခဲ့လို့ ပါလို့ပဲ ရှင်းပြပါရစေ… ဘယ်သူဘက်ကမှ မှန်တယ်၊ မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့ လည်း တကယ်ကို ၁ ယောက်အပေါ် ၁ ယောက်အမုန်းတရားမရှိတဲ့ လမ်းခွဲမှု ၁ ခုပါ…

၁ ခုပဲတောင်းဆိုချင်တာကလေ အခုချိန် အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေ မချဲ့ဖို့လေးပါပဲ… သာမာန် အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်းကွဲကွာသွားကြတယ် လို့ပဲ

မြင်ပေးစေချင်ပါတယ် … တကယ် အလေးအနက် ပြောတာပါနော်… အထူးသဖြင့် ထင်ရာကောက်ချက်ချပြီး လိုရာဆွဲရေးတဲ့ သို့လော သို့လော သတင်းတွေကြောင့် မလိုအပ်ပဲ ၁ ယောက် အပေါ် ၁ ယောက် ထိခိုက်နစ်နာ စေလိုစိတ်

မရှိတာမို့ ချဲ့ကားမရေးပဲ ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေး လို့ပဲ မြင်ပေးပါနော်… ထက်တို့ တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ် လို့လည်း မျှော်လင့်ပါတယ် နော်…”