အဆိုတော် ရဲရင့်အောင် နဲ့အတူ ဇာတ်လမ်းတွဲအသစ်မှာ ပါဝင်သရုပ်ဆောင်ထားတာကို ပရိတ်သတ်ကို အသိပေးလာတဲ့ မေမီကိုကို

MRTV-4 မင်းသမီးလေး မေမီကိုကိုကတော့ ဇာတ်လမ်းတွဲတွေ များစွာ ရိုက်ကူးထားပြီး ပရိတ်သတ်တွေရဲ့ အသိအမှတ်ပြု အားပေးချစ်ခင်မှုတွေကို အခိုင်အမာ ရရှိထားသူလေးမို့ အထူးတလည် မိတ်ဆက်ပေးစရာ မလိုတော့ပါဘူးနော်။

ချစ်စရာကောင်းသလို သရုပ်ဆောင်လည်းကောင်းတာမို့ ပရိတ်သတ်တွေ အားပေးချစ်ခင်ကြတဲ့ မေမီလေးကတော့ ချစ်သူလေးနဲ့ အချစ်ရေးမှာလည်း အဆင်ပြေနေလို့ လူတိုင်းကအားကျနေရတဲ့ မင်းသမီးလေးပဲ ဖြစ်ပါတယ်နော်။

လူငယ်ကြိုက်သီချင်းများစွာနဲ့ ပရိသတ်တွေကြားမှာ နာမည်ကြီး ရေပန်းစားနေတဲ့သူကတော့ အဆိုတော် ရဲရင့်အောင်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ သီချင်းများစွာဟာလည်း လူငယ်တိုင်းရဲ့ပါးစပ်ဖျားမှာ ရေပန်းစားလျက် ရှိတာပဲ ဖြစ်ပါတယ်နော်။

အောင်မြင်တဲ့ အဆိုတော်တစ်ယောက်အဖြစ် ဂီတလမ်းကြောင်းမှာ ဆယ်စုနှစ်တိုင်အောင် ရပ်တည်နေတာလည်း ဖြစ်ပါတယ်။ ရဲရင့်အောင် နဲ့အတူ နောက်ထပ်ဇာတ်လမ်းတွဲလေး ထွက်ရှိတော့မှာဖြစ်ကြောင်း

မေမီကိုကိုရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ “နှလုံးသွေးနဲ့ ရွေးတဲ့ပန်းချီ” ဆိုတဲ့ ဇာတ်လမ်းအမည်လေး နဲ့အတူ အသိပေးလာခဲ့ပါတယ်နော်။ မေမီကိုကို နဲ့ ရဲရင့်အောင်တို့ရဲ့ ဇာတ်လမ်းတွဲအသစ်လေးကို ရင်ခုန်စိတ်လှုပ်ရှားစွာနဲ့ စောင့်မျှော် ကြည့်ရှုအားပေးကြပါအုံးနော်။

Be the first to comment

Leave a comment

Your email address will not be published.


*