အဘွားဖြစ်သူကြောင့် အနုပညာလောကထဲကို ဝင်ရောက်လာခဲ့ပြီး သရုပ်ဆောင် ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်ဖြစ်လာခဲ့သူ ဖြစ်ပါတယ်။
ယွန်းယွန်းဟာ ကလေးသရုပ်ဆောင်တစ်ယောက် အဖြစ် နှစ်ပေါင်းများစွာ အောင်မြင်ခဲ့သလို “တိမ်မင်းသမီးရဲ့ ဒဏ္ဍာရီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့လည်း အကယ်ဒမီ အထူးဆုကြီးကို
ရရှိထားသူဖြစ်ပါတယ်။ လက်ရှိမှာတော့ ယွန်းယွန်းက အသက် (၂၂) နှစ် ရှိနေပြီဖြစ်ပြီး သူမရဲ့ အသက်အရွယ်နဲ့ လိုက်ဖက်တဲ့ ကာရိုက်တာတွေမှာ ဆက်လက်
သရုပ်ဆောင်နေဆဲပဲ ဖြစ်ပါတယ်။ ယွန်းယွန်းရဲ့ ဇာတ်ကားသစ်တွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေအတွက် ဒါရိုက်တာ နေသူရိန် ရိုက်ကူးထားတဲ့
“သူငယ်ချင်း ရည်းစား ချစ်သူ ” ဇာတ်ကားဟာ မကြာခင်အချိန်အတွင်း SKYPREMIER HD ရုပ်သံလိုင်းမှာ ပြသတော့မှာဖြစ်ပါတယ်။ “သူငယ်ချင်း ရည်းစား ချစ်သူ ” ဇာတ်ကားမှာ
ယွန်းယွန်းနဲ့အတူတူ သရုပ်ဆောင်၊ အဆိုတော် ရဲရင့်အောင်က ပါဝင်သရုပ်ဆောင်ထားပြီး ဇာတ်ကားလေးရဲ့ Trailer ဗီဒီယိုလေးကို ပရိသတ်တွေဆီ ပြသလာခဲ့ပါတယ်။
ယွန်းယွန်းကတော့ ကလေးသရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေဆီမှာ အသားကျနေပြီ ဆိုပေမယ့် ဒီတစ်ခါမှာတော့ သူမကိုယ်တိုင် ခေါင်းဆောင်မင်းသမီး အဖြစ်
ဇာတ်ကားရိုက်ကူးခဲ့ပြီပဲ ဖြစ်ပါတယ်။ ပရိသတ်ကြီးလည်း ယွန်းယွန်းနဲ့ ရဲရင့်အောင်တို့ သရုပ်ဆောင်ထားတဲ့ “သူငယ်ချင်း ရည်းစား ချစ်သူ ” ဇာတ်ကားကို SKYPREMIER HD ရုပ်သံလိုင်းမှာ စောင့်မျှော်ကြည့်ရှုပေးကြပါဦးနော်။