အဆင်မပြေနိုင်တော့တဲ့ အိမ်ထောင်တစ်ခုကို ပြန်လည်ညှိုနှိုင်းဖို့ နားချနေတဲ့မိခင်ကို ဒီဖြစ်ရပ်ကြောင့် နှလုံးရောဂါ ရနေပြီဆိုတာ အသိပေးလာတဲ့ ခင်ရတနာစိုး

ခင်ရတနာစိုးဟာ The Voice Myanmar သီချင်းဆိုပြိုင်ပွဲကနေ လူသိများလာခဲ့တဲ့ ပြိုင်ပွဲမှာ စတင်ယှဉ်ပြိုင်ကတည်းက အိမ်ထောင်ရှိသူအဖြစ် ပရိတ်သတ်ကို ချပြထားသူ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း

ခင်ရတနာစိုးရဲ့ အိမ်ထောင်ရေးဟာ နောက်ကွယ်မှာတော့ အဆင်မပြေမှုတွေရှိကာ အိမ်တွင်း အကြမ်းဖက်မှုတွေလည်းရှိကြောင်း မကြာသေးခင် အချိန်ကမှ ခင်ရတနာစိုးက ဖွင့်ဟခဲ့တာပဲ ဖြစ်ပါတယ်။

ခင်ရတနာစိုးရဲ့ မိခင်ကတော့ သမီးဖြစ်သူကို အိမ်ထောင်ကွဲ မဖြစ်စေချင်တဲ့အတွက် ပြန်လည်ညှိနှိုင်းကြဖို့ တိုက်တွန်းပေမယ့် ခင်ရတနာစိုးကတော့ သူမ အမေကိုလည်း သူမဖက်က အခြေအနေကို ပြောပြခဲ့ပါတယ်။

ခင်ရတနာစိုးက “စိတ်ဆင်းရဲအောင်လုပ်တာ ဘယ်သူလဲ အမေ.. (၇) နှစ် ဆိုတာ သမီးသည်းခံခဲ့လို့ မြဲခဲ့တာနော် အမေ။ သမီး သူတို့အပေါ်မှာ စေတနာဘယ်လောက်ကောင်းခဲ့လဲ အမေ အသိဆုံးပါ။

သမီးနဲ့ သူတို့ဆက်ဆံရေးက နောက်နောင်မှာ သမီးနဲ့ ဘယ်လိုမှအဆင်မပြေတော့ဘူး အမေ။ သမီး အနိုင်ကျင့်လည်း မခံနိုင်ဘူး။ သမီး သူတို့အပေါ် ပေးဆပ်နိုင်တာထက် ပိုပါတယ်။ အခုတော့ သမီးဘဝလေး အေးချမ်းနေပါပြီ အမေ။

သမီးကို မိဘအတွက်ပဲ ပူခွင့်ပေးပါတော့ အမေ စိတ်ချမ်းသာအောင် ထားပါမယ်။ အမေ သူတို့ဘက် ဘယ်လောက်ပါပါ သမီးက အမေ့ကို စိတ်မဆိုးဘူး။ အချိန်တိုင်း အမေ့ကိုဆင်မြန်းကျေးဇူးဆပ်ဖို့ပဲ သမီးတွေးနေတာ။

အမေလည်း စိတ်ချမ်းသာသလိုနေပါ။ သမီး ညတိုင်း အမေကျန်းမာဖို့ ဆုတောင်းနေတယ်။ ပြီးတော့ သမီးမှာ နှလုံးရောဂါရှိနေပြီနော် အမေ။ သမီး လန့်လို့မရတော့ဘူး ” ဆိုပြီး သူမအမေဆီ ပို့ခဲ့တဲ့စာကို ပရိသတ်တွေဆီ ချပြလာခဲ့ပါတယ်။

ခင်ရတနာစိုးကတော့ အဆင်မပြေတော့တဲ့ အိမ်ထောင်တစ်ခုကို ပြန်လည်ညှိနှိုင်းဖို့ကြိုးစားနေတဲ့ မိခင်ဖြစ်သူကို သူမရဲ့အခြေအနေမှန်ကို အပွင့်လင်းဆုံး ပြောပြပြီး နားချခဲ့တာပဲ ဖြစ်ပါတယ်။

ဒါ့အပြင် ခင်ရတနာစိုးဟာ မကောင်းနိုင်တော့တဲ့ အိမ်ထောင်ရေးကြောင့် အခုဆိုရင် နှလုံးရောဂါပါရနေပြီ ဆိုတာ ကြားသိရတော့ စိတ်မကောင်းစရာပါပဲနော်။