အစောဆုံး ဖမ်းဆီးခံရတဲ့ အထဲက လူငယ်ဗေဒင်ဆရာ “လင်းညှို့တာရာ” လွတ်ရက်စေ့လို့ ယနေ့ ပြန်လွတ်…

ဖေဖော်ဝါရီ (၁) ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က အစောဆုံး ဖမ်းဆီးခံရသူတွေထဲက တစ်ဦးဖြစ်တဲ့ လူငယ်ဗေဒင်ဆရာ ကိုဟိန်းမင်းအောင် (ခေါ်) လင်းညှို့တာရာ

တစ်ယောက်အား ဒီနေ့ နိုဝင်ဘာ (၄) ရက်နေ့မှာ ပြန်လွတ်မြောက်လာပြီလို့ သူကိုယ်တိုင်က အတည်ပြု ပြောပါတယ်။ “လွတ်ရက်စေ့လို့ ပြန်လွတ်တာပါ။ ထောင် လွတ်ရက်စေ့နဲ့ပေါ့။

အထဲမှာနေခဲ့ရတာ လ (၂၀) ကျော်လောက် နေခဲ့ရပါတယ်။ ကျွန်တော်က အစောဆုံးအဖမ်းခံခဲ့ရတာ ဆိုပေမယ့် အပြင်အခြေအနေကို အများကြီး နားလည်အောင် လုပ်ရဦးမယ်” လို့

လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာက ပြောပါတယ်။ အာဏာသိမ်းလိုက်တဲ့နေ့က လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာဟာ နိုင်ငံရေးနဲ့ပတ်သက်တဲ့ ဟောပြောချက်တစ်ချို့ကို

သူရဲ့ လူမှုကွန်ရက်မှာ ရေးသားခဲ့တာကြောင့် စစ်တပ်က ဖမ်းဆီးပြီး တပ်မတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅ဝ၅-ခ နဲ့ တရားစွဲဆိုခဲ့တာပဲ ဖြစ်ပါတယ်။

လက်ရှိ ပြန်လည်လွတ်မြောက်လာချိန်မှာ ခေတ္တ အနားယူပြီးရင် သူတတ်ကျွမ်းတဲ့ ဗေဒင်ပညာကို ဆက်လုပ်ဖို့ရှိတယ် လို့လည်း လူငယ်ဗေဒင်ဆရာ လင်းညှို့တာရာက ပြောပါတယ်။