အခုလိုအချိန် ဘဝကူးသွားလည်း ပိုင်ဆိုင်ထားတဲ့အရာ အင်မတန် နည်းလို့ ဥစ္စာစွဲ၊ လူစွဲ ဖြစ်မနေတော့ဘူး လို့ သံဝေဂစကား ပြောလာတဲ့ သရုပ်ဆောင် ဖူးစုံ

သရုပ်ဆောင် ဖူးစုံကတော့ ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ကျရာဇာတ်ရုပ်ကို အကောင်းဆုံးသရုပ်ဆောင်နိုင်တဲ့ မင်းသမီးဖြစ်ပေမယ့် သူမရဲ့အပြင်လက်တွေ့ဘဝက နေထိုင်မှုပုံစံကတော့ အရမ်းကို ရိုးရှင်းလှပါတယ်။

ဖူးစုံကတော့ အပူအပင်ကင်းတဲ့ အပျိုကြီးပီပီ သူမရဲ့ဘဝကို သူမ လိုသလို ပုံသွင်းနေပြီး ဘာသာရေးကို အထူးလိုက်စားသူ တစ်ယောက်ပဲဖြစ်ပါတယ်။ အထူးသဖြင့် ဘာသာရေးကို အထူးလိုက်စားတဲ့ ဖူးစုံဟာ ပါဠိသင်တန်းကျောင်း၊

အဘိဓမ္မာသင်တန်းကျောင်းတွေ တက်ရင်း ဘဝကို အချိန်ကုန်ဆုံး ဖြစ်နေတာပဲ ဖြစ်ပါတယ်။ ဖူးစုံက ဒီကနေ့မှာတော့ သူမရဲ့ ဘဝမှာ စွဲလန်းစိတ် နည်းရကြောင်းကို “ခရီးသွားဖို့ ကြုံလာမှပဲ ကိုယ့်မှာ ပိုင်ဆိုင်မှု့တွေ အင်မတန် နည်းနေတာ

သိလိုက်ရတယ်… စိတ်မချပဲ သော့ခတ်သိမ်းခဲ့ရမဲ့ အရာတွေမရှိနေသလို ယူသွားပြီး ဂုဏ်ဆာရအောင်လဲ ရှိမနေဘူး…. အာ့မို့ခုချိန် `သေ’ ဖြစ်သွားလဲ ဥစ္စာစွဲလဲဖြစ်မနေဘူး… လူစွဲလဲ ဖြစ်မနေဘူး… အိမ်စွဲ မြေစွဲ ကားစွဲလဲ ဖြစ်မနေဘူး…

အဲ့တော့ တွေးမိတယ် ` ပိုင်ဆိုင်မှု့ နည်းခြင်းဟာ အင်မတန် အကျိုးများတဲ့ ပိုင်ဆိုင်မှု့ကို ပိုင်ဆိုင်ထားတယ် ဆိုတာကိုပဲ…” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။ ဖူးစုံကတော့ လက်ရှိမှာ အသက်အရွယ်မှာ အနုပညာအလုပ်တွေကိုလည်း

မလုပ်ကိုင်တော့ပဲ ကုသိုလ်ရေးကို အချိန်ပေး လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ ဖူးစုံရဲ့ ဘဝကတော့ တကယ့်ကို အပူအပင်ကင်းပြီး အေးချမ်းမှုအစစ်ကို ရရှိနေတာပါပဲနော်။